Event Image

Introduction to Zotero: Citation Management Tool

“Introduction to Zotero: Citation Management Tool” training ကို အောက်တိုဘာလ ၂ရက်နေ့ ညနေ ၆ နာရီခွဲမှာ ပြုလုပ်မှာဖြစ်ပါတယ်။ Zotero က မိမိတို့ ရှာဖွေစုဆောင်းထားတဲ့ အချက်အလက်များကို စနစ်တကျ သိမ်းဆည်း ထားနိုင်သလို၊ စာတမ်းမှာ Assignmentမှာ စာကိုးကျမ်းကိုးများ ထည့်သွင်းရာမှာလည်း အသုံးပြုနိုင်တဲ့ referenceing tool ဖြစ်ပါတယ်။ ဒီသင်တန်းမှာ Zotero tool အသုံးပြီး အချက်အလက်သိမ်းဆည်းခြင်း၊ ကျမ်းကိုးစာကိုး ထည့် သွင်းခြင်း နည်းလမ်း အဆင့်ဆင့်တို့ကို သိရှိနိုင်မှာပါ။ Referencing Tool အကြောင်းလေ့လာချင်သူများအားလုံး တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါ တယ်။ Topic: "Introduction to Zotero: Citation Management Tool" When: Oct 2, 2024 6:30 PM - 7:30 PM Asia - Yangon Where: Join Zoom Meeting Meeting ID: 817 4996 3941 Passcode: 059716

Event Image

Food Security in Disaster and Emergency

ယခုလရဲ့ စာကြည့်တိုက်စကားဝိုင်းမှာ မျှဝေမယ့်အကြောင်းအရာက စားနပ်ရိက္ခာနဲ့ပတ်သက်တဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်နဲ့ အရေးပေါ်အခြေအနေမှာ စားနပ်ရိက္ခာ ဖူလုံမှုအတွက် ဘာတွေလုပ်ရမလဲ၊ ဘယ်လိုတွေလုပ်ရမလဲစသည့် အရေးကြီး သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို မျှဝေပေးမှာ ဖြစ်ပါတယ်။ ဗဟုသုတတွေ မျှဝေပေးမယ့် သူကတော့ ဆရာမ ဒေါက်တာ ဥမ္မာခိုင် ဖြစ်ပါတယ်။ ဆရာမက စားနပ်ရိက္ခာ ဖူလုံရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ ရာသီဥတုဒဏ်ခံနိုင်မှုနှင့် ရာသီဥတုမျှတမှု နှင့်၊ ဇီဝမျိုးစုံမျိုးကွဲ-အကျိုး ပြုသော အစားအစာစနစ် စတဲ့နယ်ပယ်တွေမှာ ပါဝင်လုပ်ကိုင်နေသူဖြစ်ပြီး လုပ်ငန်းအတွေ့ကြုံ ၂၈ နှစ်ကျော်ရှိပြီဖြစ်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦးပါ။ ၂၀၁၇ ခုနှစ်ကတည်းက Asian Climate Consortium (ACCC)ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။ လက်ရှိမှာလည်း ASEAN Center for Biodiversity မှာ လုပ်ကိုင်လျက်ရှိပါတယ်။ သဘာဝဘေးဒဏ်ခံစားနေရတဲ့ လက်ရှိအခြေအနေမှာ သိရှိနားလည်းထားရန် အထူးလိုအပ်နေတဲ့ စားနပ်ရိက္ခာဖူလုံရေးအကြောင်းအရာကို ဆရာမလိုပညာရှင်တစ်ဦးက မျှဝေပေးမှာဖြစ်လို့ တက်ရောက်ကြပါလို့ တိုက်တွန်းပါရစေ။ အသေးစိတ်အချက်အလက်ကတော့… Topic: “Food Security in Disaster and Emergency” Speaker: ဒေါက်တာ ဥမ္မာခိုင် When: Sep 23, 2024 4:00 PM - 5:30 PM Asia – Yangon Where: Join Zoom Meeting Meeting ID: 838 5881 7970 Passcode: 919255 ကံ့ကော်တောရဲ့သတင်းအချက်လက်တွေကို အောက်ဖော်ပြပါဆိုရှယ်မီဒီယာများမှလည်းရယူနိုင်ပါတယ်။ Telegram: (https://t.me/kktlib) Facebook: @Kant Kaw Taw

Event Image

IT Digital Safety Course Launching

မင်္ဂလာပါ... ကံ့ကော်တောစာကြည့်တိုက်မှာ ကဏ္ဍအသစ်တစ်ခု ထပ်တိုးပံ့ပိုးထားပါပြီ !!! ကဏ္ဍသစ်ကတော့ " အွန်လိုင်းသင်ခန်းစာ"ကဏ္ဍဖြစ်ပြီး သင်ခန်းစာ‌တွေကို မြန်မာဘာသာဖြင့် လေ့လာသင်ယူနိုင်မှာပါ။ အွန်လိုင်းသင်ခန်းစာများဖြစ်သည့်အတွက် အင်တာနက်ရရှိတဲ့ မည့်သည့်နေရာဒေသကနေမဆို မိမိနှစ်သက်တဲ့အချိန်(သို့) အားလပ်တဲ့အချိန်မှာ သင်ခန်းစာ တွေကို ဝင်ရောက်လေ့လာသင်ယူခွင့် ရရှိနိုင်မှာဖြစ်ပါတယ်။ “အွန်လိုင်းသင်ခန်းစာ” ကဏ္ဍသစ် မိတ်ဆက်ပွဲလေးကို လာမယ့်စက်တင်ဘာလ(၅)ရက်နေ့ မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတာ်။ ကံ့ကော်တောရဲ့ အွန်လိုင်းသင်ခန်းစာတွေကို... - ဘယ်နေရာမှာ ရှာဖွေလေ့လာရမယ်? - ဘယ်သူတွေ ဝင်ရောက်လေ့လာနိုင်မယ်? - ဘယ်လိုမျိုး ရှာဖွေလေ့လာနိုင်မယ်? … ဆိုတဲ့ အကြောင်းအရာတွေကို သိရှိနိုင်မှာ ဖြစ်တဲ့အပြင်၊ လတ်တလောမှာ လေ့လာနိုင်ပြီဖြစ်တဲ့ “ဒစ်ဂျစ်တယ်လုံခြုံရေးသင်ခန်းစာ”မှာ ပါဝင်တဲ့ အကြောင်းအရာတွေနဲ့ ဘယ်လိုတွေ ဝင်ရောက်လေ့လာနိုင်တယ်ဆိုတာကို မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကံ့ကော်တောရဲ့ ကဏ္ဍသစ်မိတ်ဆက်ပွဲလေးကို အောက်ပါအစီအစဉ်အတိုင်းတက်ရောက်ကြဖို့ အားလုံးကို ဖိတ်ပါတယ်ရှင့်… Title: “IT Digital Safety Course Launching” When: Thursday, September 5, 2:00 – 3:00 PM (MMT) Where: Join Zoom Meeting Meeting ID: 881 4630 8576 Passcode: 604491

Event Image

Youth Talk

ဒီတစ်ခါတော့ ဩဂုတ်လထဲမှာ ကျရောက်ခဲ့တဲ့ International Youth Day နဲ့ International Day of the World’s Indigenous Peoples နေ့ အထိမ်းအမှတ် စကားဝိုင်းလေးကျင်းပမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ မြန်မာ့ဌာနေတိုင်းရင်းသားတွေထဲက တချို့သော တိုင်းရင်းသားလူငယ်တို့က သူတို့ရဲ့ ရိုးရာဓ‌လေ့နှင့် ယဉ်ကျေးမှုတွေအကြောင်းကို မျှဝေပေးမှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများ တက်ရောက်ကြဖို့ ဖိတ်‌ခေါ်ပါတယ်… အသေးစိတ်အစီစဉ်ကတော့... ?️Topic: "Youth Talk: Traditions and Culture of our Indigenous" ?️Facilitator - Taang ?️Speakers – Mi Kye Goh, Sai Hein Htet Oo, and Ye Min Thu ?️When: Aug 23, 2024 1:00 PM - 2:30 PM Asia - Yangon ?️Where: Join Zoom Meeting Meeting ID: 815 8788 1256 Passcode: 097414