စာကြည့်တိုက်ဝန်ဆောင်မှုများ

စာကြည့်တိုက်ဖွင့်ချိန်

တနင်္လာ - သောကြာ (နံနက် ၉ နာရီ - ညနေ ၄နာရီ ခွဲထိ)

အသင်းဝင်ခြင်း

စာကြည့်တိုက်ကို စိတ်ပါဝင်စားသော မည်သူမဆို စာကြည့်တိုက်ကို အသုံးပြုနိုင်ပါသည်။ အွန်လိုင်း စာကြည့်တိုက်ကို အသင်းဝင်များအနေဖြင့် ကံ့ကော်တောအွန်လိုင်းစာကြည့်တိုက်ရှိ စာပေအရင်းအမြစ်များကို အသုံးပြုနိုင်ပါသည်။ ကံ့ကော်တော အွန်လိုင်းစာကြည့်တိုက်နှင့် ရိုးရိုးစာကြည့်တိုက် အသင်းဝင်များအနေဖြင့် အွန်လိုင်းစာကြည့်တိုက်မှ စာပေပစ္စည်းများအပြင် စာကြည့်တိုက်ရှိ စာအုပ်စာတမ်းများကိုလည်း ငှားရမ်း ဖတ်ရှုနိုင်ပါသည်။ စာကြည့်တိုက်အသင်းဝင် စည်းမျဉ်းစည်းကမ်းများ ကြည့်ရှုရန်

ဝန်ဆောင်မှုများ

ကွန်ပျူတာများ

စာကြည့်တိုက်တွင် စာအုပ်ကတ်တလောက်များရှာဖွေခြင်း နှင့် eDatabasesများ ရှာဖွေခြင်းတို့ အတွက် အသုံးပြုနိုင်ရန် ကွန်ပျူတာများစီစဉ်ထားရှိပါသည်။

ဝိုင်ဖိုင်

စာကြည့်တိုက်ဧရိယာအတွင်း အင်တာနက်ဝိုင်ဖိုင်ကို အခမဲ့အသုံးပြုနိုင်ပါသည်။

စာကြည့်တိုက် App

စာဖတ်သူများသည် ကံ့ကော်တောအက်ပလီကေးရှင်းကို အခမဲ့ ဝင်ရောက်အသုံးပြုနိုင်ပါသည်။ ကံ့ကော်တောအက်ပလီကေးရှင်းတွင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကြေညာစာတမ်း၊ နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာသဘောတူစာချုပ်များနှင့် နောက်ဆက်တွဲစာချုပ်များကို လူတိုင်းလေ့လာ နိုင်ရန် ရည်ရွယ်၍ ထည့်သွင်းဖော်ပြထားပါသည်။ ဥပဒေများနှင့် လူအခွင့်အရေးနှင့် သက်ဆိုင်သော စာအုပ်စာတမ်းများ၊ ဆောင်းပါးများကိုလည်းဖတ်ရှု့လေ့လာနိုင်ပါသည်။ စာဖတ်သူများအနေဖြင့် အက်ပလီကေးရှင်းကို QR codeမှ တစ်ဆင့် အလွယ်တကူဒေါင်းလ်လုပ် ပြုလုပ်၍ အသုံးပြုနိုင် ပါသည်။

Scanning, Printing နှင့် မိတ္တူကူးခြင်း

စာကြည့်တိုက်တွင် Scanning, Printing နှင့်မိတ္တူကူးခြင်း ဝန်ဆောင်မှုများဆောင်ရွက်ပေးသည်။Scanning ဝန်ဆောင်မှုကို ဆရာ၊ ဆရာမနှင့်ကျောင်းသား၊ကျောင်းသူများသာအသုံးပြုနိုင်ပါသည်။Printing နှင့် မိတ္တူကူးခြင်းတို့ကို စာကြည့်တိုက်အသင်းဝင်များအားလုံးကျသင့်အခကြေးငွေပေးချေ၍ အသုံးပြုနိုင်ပါသည်။Scanning, Printing နှင့် မိတ္တူကူးခြင်းတို့ကို မူပိုင်ခွင့်ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။

စာငှားခြင်းလုပ်ငန်း

အွန်လိုင်းစာကြည့်တိုက်နှင့် ရိုးရိုးစာကြည့်တိုက်အသင်းဝင်များသည် စာကြည့်တိုက်ရှိ ပုံနှိပ်ထုတ်ဝေထားသော စာအုပ်စာတမ်းစာစောင်များကို စာငှားစည်းမျဉ်းနှင့်အညီ ငှားရမ်းဖတ်ရှုနိုင်ပါသည်။ စာအုပ်စာတမ်းများ အတွက် ကတ်တလောက်ကို အွန်လိုင်းစာကြည့်တိုက်ရှိ အွန်လိုင်းကတ်တလောက်တွင် ရှာဖွေနိုင်ပါသည်။ အသေးစိတ်အချက်အလက်များကို Library Rules တွင် ဖတ်ရှုနိုင်ပါသည်။

စာကြည့်တိုက်အချင်းချင်းချိတ်ဆက်ဝန်ဆောင်မှု

(အခြားစာကြည့်တိုက်)မှစာအုပ်များကို စာကြည့်တိုက်အချင်းချင်း ချိတ်ဆက်ဝန်ဆောင်မှုစနစ်အရ ငှားရမ်း ဖတ်ရှုနိုင်ပါသည်။

Renew and Reserved Book