Event Image

Scholarship Application Webinar Series

??? Scholarship Application Webinar Series နိုင်ငံခြားတက္ကသိုလ် တစ်ခုခုမှာ ဘွဲ့လွန်၊ ဘွဲ့ကြိုတန်းတွေ နဲ့ ပညာသင်ဆု(Scholarship) လျှောက်ဖို့ စဉ်းစားနေသူများအနေနဲ့ ? ဘယ်ကျောင်းက ဘယ်အစီအစဉ် (Programme)ကို လျှောက်ရမယ် ဝေခွဲမရ ဖြစ်နေပါသလား❓ ? ကျောင်းနဲ့ ပညာသင်ဆု (Scholarship) လျှောက်တဲ့အခါ ဖြတ်ကျော်ရမယ့် အဆင့်တွေ၊ သိရမယ့် အရာတွေနဲ့ စိမ်းနေသေးပါသလား❓ ? လိုအပ်တဲ့ အက်ဆေးတွေ ရေးဖို့၊ CV တွေ ပြင်ဆင်ဖို့ တွန့်ဆုတ်ပြီး အလုပ်မဖြစ်ဘူး ဖြစ်နေပါသလား❓ အဲ့ဒါဆိုရင်တော့ ကံ့ကော်တောစာကြည့်တိုက်က ပြုလုပ်တဲ့ “ Scholarship Application Webinar Series” ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ ဒီ Webinar တွေက မြန်မာကျောင်းသားတွေအတွက် သီးသန့်စီစဥ်ထားတာ ဖြစ်ပြီး ပညာသင်ဆု (Scholarship) လျှောက်ထားရာမှာ လက်တွေ့ အသုံးပြုနိုင်မယ့် နည်းစနစ်တွေ၊ ချဥ်းကပ်ပုံတွေ၊ အချိန်ဇယား စီမံခန့်ခွဲနည်းတွေကို သေချာရှင်းပြပေးမယ့်အပြင် လက်ရှိ ကျောင်းတက်နေသူ/ ကျောင်းပြီးထားသူတွေရဲ့ အတွေ့အကြုံတွေပါ ပြန်မျှဝေပေးတာဖြစ်ပါတယ်။ အက်ဆေးတွေ လက်တွေ့ အတူတူ ရေးသားနိုင်မယ့် အစီအစဥ်လည်း ပါဝင်တာကြောင့် အမှန်တကယ် အထောက်အကူ ဖြစ်နိုင်တဲ့ အခွင့်အရေးဖြစ်ပါတယ်။ တက်ရောက်ရမယ့် နေ့ရက်တွေက - ?Week 1 (28 April 2026): Introduction to University Applications & Choosing the Right Programme for You ?Week 2 (05 May 2026): An Overview of the Application Process ?Week 3 (12 May 2026): Writing a Strong Personal Statement & Essays (Part 1: Foundations & Brainstorming) ?Week 4 (19 May 2026): Hands-on Writing and Experience Sharing ⏰ အချိန်က - 5:00 PM - 7:00 PM (Myanmar Time) ? သင်တန်းကြေး - အခမဲ့ လျှောက်လွှာတင်ရန်- https://docs.google.com/forms/d/1S6jO_NTrw80gz95oeW1N1UA9pm5Dx_BUvSFZcAv310U/edit

Event Image

စာကြည့်တိုက်ပညာမိတ်ဆက်

မင်္ဂလာပါ... စာကြည့်တိုက်တိုက်ပညာနဲ့ပတ်သက်ပြီး သင်တန်းတောင်းဆိုနေကြတဲ့ မိတ်ဆွေများအတွက် ကံ့ကော်တောက “စာကြည့်တိုက်မိတ်ဆက်” ခေါင်းစဉ်နဲ့ ရက်တိုသင်တန်းလေး စီစဉ်ထားပါတယ်။ အခြေခံစာကြည့်တိုက်ပညာ အကြောင်းအရာဗဟုသုတများကို အောက်ပါအစီအစဉ်အတိုင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ? ခေါင်းစဉ် - "စာကြည့်တိုက်ပညာမိတ်ဆက်" ?ကျင်းပမည့်နေ့ - မတ်လ ၃၀ရက်၊ ဧပြီလ ၁ နှင့် ၃ ရက် ၂၀၂၆ ခုနှစ်။ ညနေ ၆ နာရီခွဲ မှ ည ၈ နာရီထိ။ ?ကြာချိန်- ၃ ရက်၊ တစ်ရက် ၁ နာရီခွဲ။ ? ဖော်ပြပါလင့်ခ်မှတစ်ဆင့် လျှောက်ထားနိုင်ပါပြီ။ Application form : https://docs.google.com/forms/d/e/1FAIpQLSeWF1XsXjomShPE-gcdO5BXDebgbLsidofDqRWnkQSqXgX7EA/viewform?usp=header ?ဖောင်ပိတ်ရက်- ၂၈ မတ်လ ၂၀၂၆။ ?သင်တန်းကြေး- အခမဲ့

Event Image

Debate Education Training

ယခု နိုဝင်ဘာလထဲမှာ ကံ့ကော်တောစာကြည့်တိုက်က ”တွေးခေါ်ပြောဆိုမှုပညာသင်တန်း(Debate Education Training)” ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ "Debate" ဆိုတာနဲ့ တစ်ဖက်နဲ့တစ်ဖက် ?️အချေအတင် ငြင်းခုံကြတာလိုပဲ အများစုက ထင်မှတ်ကြတာပါ။ တကယ်တော့ တွေးခေါ်ပြောဆိုမှုပညာ (debate)ဆိုတာ အကြောင်းအရာတစ်ခုပေါ်  အခြေတည်ပြီး ကိုယ့်အဆိုမှန်ကန်ကြောင်း ထုတ်ဖော်ပြောဆိုကြရုံမျှသာ မဟုတ်ဘဲ ခိုင်လုံတဲ့ အချက်အလက်စုဆောင်းရခြင်း၊ အများလက်ခံလာအောင် ပြောဆိုနိုင်သော စကားပြောစွမ်းရည်ရှိရခြင်း၊ အချိန်စီမံခန့်ခွဲရခြင်း၊ အသင်းအဖွဲ့နှင့်ဆောင်ရွက်တတ်ခြင်း စသည့် စွမ်းရည်များလည်းပေါင်းစပ် ပါဝင်ရပါတယ်။ ဒီလို နေ့စဉ်လူမှုဘဝအတွက် အရေးပါတဲ့ စွမ်းရည်တွေကို “တွေးခေါ်ပြောဆိုမှုပညာသင်တန်း” မှာ လေ့လာကြရမယ့်အပြင် Mini Tournament ပါ ပါမှာ ဖြစ်လို့ လက်တွေ့လေ့ကျင့်ခွင့်လည်း ရရှိမှာ ဖြစ်ပါတယ်… သင်တန်းကာလ စုစုပေါင်း ၉ ရက်(Training Days+ Mini Tournament)၊ တစ်ရက်ကို?️အချိန် ၂ နာရီခွဲ ကြာမြင့်မှာ ဖြစ်ပြီး သင်တန်းကြေး “အခမဲ့” ဖြစ်ပါတယ်။ သင်တန်းတက်ရောက်ဖို ရွေးချယ်ခံရသူ‌တွေကို နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေမှာ ?email ကနေ အကြောင်းကြားပေးမှာပါ။ ???လူဦးရေကန့်သတ်ထားတာဖြစ်လို နောက်ကျ မကျန်ရလေအောင် သင်တန်းတက်ရောက်ခွင့် ဖောင်ကို အမြန်ဖြည့်ကြဖို တိုက်တွန်းပါရစေ… Event Detail… ? Topic: “တွေးခေါ်ပြောဆိုမှုပညာသင်တန်း” (Debate Education Training) ? Facilitator: U Thant Sin ? Training Days: 21-24 Nov. 2025        Mini Tournament: 27-30 Nov. 2025 ? Time- 6:30 PM - 9:00 PM(MMT) ? Application Deadline- 19 November 2025 Application form link: https://docs.google.com/forms/d/e/1FAIpQLSeCuibs70iV8oIHqUjqizvPjP7QfDtl_dHddyt_vuAIZctlTA/viewform?usp=header #LibraryEvents #Debate

Event Image

Utilizing AI Tools – Balancing Authenticity and Productivity

မင်္ဂလာပါ... အောက်တိုဘာလအတွက် ကံ့ကော်တောစာကြည့်တိုက်ရဲ့ စကားဝိုင်းမှာ နည်းပညာနဲ့ ပတ်သက်တဲ့ ပွဲလေးတစ်ပွဲ စီစဉ်ထားပါတယ်။ “AI နည်းပညာ"နဲ့ ပတ်သက်ပြီး သိရှိထားသင့်တဲ့ အခြေခံကျတဲ့ အချက်အလက် အကြောင်းအရာတွေ ကို ဆရာ "Sam" က မျှဝေပေးမှာပါ။ ဆရာ့ရဲ့မျှဝေမှုမှာ ပါဝင်မှာတွေက… • Focus on Conversational AI Chatbot and Generative AI, • Education purpose and professional assistant purpose, • Pros and Cons, • Reaction of Academic and Professional community on usage of AI, • Basic utility AI tools available free ပါဝင်တက်ရောက်ကြဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။ ✨️ Topic: "Utilizing AI Tools – Balancing Authenticity and Productivity" ✨️ Speaker: Sam ✨️ When: Thu 10/23/2025 5:30 PM - 7:30 PM ✨️ Where: Join Zoom Meeting https://us06web.zoom.us/j/83155962663?pwd=bi18bRVaLgEfGFe7DU83WHyBiO3j5X.1 Meeting ID: 831 5596 2663 Passcode: 907130

Event Image

Using PowerPoint and Canvas for Creative Presentation in Professional Environments

မင်္ဂလာပါ ဒီလမှာတော့ “Using PowerPoint and Canvas for Creative Presentation in Professional Environments” ခေါင်းစဉ်နဲ့ သင်တန်းလေးတစ်ခု စီစဉ်ထားပါတယ်။ PowerPoint နဲ့ Canvas ကို ဘယ်လိုအသုံးပြုရမလဲဆိုတဲ့နည်းလမ်းလေးတွေကို မျှဝေပေးမှာ ဖြစ်ပါတယ်… သင်တန်း ၁နာရီခွဲအပြီးမှာ ကံ့ကော်တောမှာ အသစ်ရရှိနိုင်မယ့် ""Self-study course"" အသစ်လေးနဲ့လည်းမိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ တက်ရောက်ကြဖို အားလုံးကို ဖိတ်ခေါ်ပါတယ်။ ** Event detail ? Topic: Using PowerPoint and Canvas for Creative Presentation in Professional Environments ? Facilitator: Sayar Sam ? When: Thu 9/25/2025 5:30 PM - 7:30 PM ? Where: Join Zoom Meeting https://us06web.zoom.us/j/83013370946?pwd=MarU3CBjZyTmJ4rxD5HXJEDegabDFJ.1 Meeting ID: 830 1337 0946 Passcode: 363541

Event Image

Psycho Social Support Training

ကံ့ကော်တောနဲ့ စိတ်မိတ်ဆွေတို ပူးပေါင်းပြီး အွန်လိုင်းသင်တန်းလေးတစ်ခုပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ တစ်ရက်ကို ၃ နာရီ နဲ့ ၃ ရက် စုစုပေါင်း ၉ နာရီ တက်ရောက်ရမှာဖြစ်ပြီး သင်တန်းချိန် ပြည့်တက်ရောက်ပါက သင်တန်းပြီးဆုံးကြောင်းလက်မှတ်ရရှိမှာပါ။ သင်တန်းမှာ အောက်မှာ ဖော်ပြထားတဲ့ခေါင်းစဉ်တွေ သင်ကြားပေးမှာ ဖြစ်ပါတယ်။ • Day 1: Building Resilience • Day 2: Psychological First Aid (PFA) • Day 3: Critical Incident Stress Management (CISM) ?သင်တန်းတက်ရောက်လိုပါက registration ပြုလုပ်ရမှာ ဖြစ်ပြီး လူဦးရေကန့်သတ်ထားတာဖြစ်လို အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါ။ Library Training Detail: ?Topic: Psycho Social Support Training ? Speaker: Seit Mate Swe- mental health ?Date: 26, 27,28 August 2025 (3 Days) ? Time: 2:00 PM- 5:00 PM (MMT) ? Certificate: eCertificate ???Limited Seats??? ??? Registration here: https://us06web.zoom.us/meeting/register/l6WIxSRRRwSz-hxl_I9U3A Contact us- Telegram acc: @kantkawtaw Email: [email protected]