အာရုံစိုက်နိုင်စွမ်း (attention spans) နည်းပါးလာပြီး အချက်အလက်များ ပြည့်နှက်လွန်ကဲနေတဲ့(information overload) ခေတ်ကြီးမှာ ပုံပြင်ပြောပြခြင်း /ဇာတ်လမ်းဆင်ခြင်း(Storytelling) ဟာ ပိုမိုအရေးပါလာပါတယ်။ ဘာကြောင့်လည်းဆိုတော့ ❓ ပုံတိုပတ်စလေးတွေကနေတစ်ဆင့် မိမိပေးချင်တဲ့အချက်အလက်ကို ပရိသတ်တွေက မှတ်မိလာ၊ နားလည်လာ၊ ပါဝင်ပတ်သက်လာနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ ပုံပြင်ပြောပြခြင်းအားဖြင့် ရှုပ်ထွေးတဲ့ကိစ္စရပ်များဆီသို့ လူသားဆန်သော အတွေးအခေါ် ရှုထောင့်ကို ယူဆောင်လာပေးနိုင်တဲ့ပြင် သတင်းအချက်အလက် (Message)တစ်ခုကို ရှင်းလင်းတိကျပြီး စနစ်တကျ ရည်ရွယ်ချက်ရှိရှိဖြင့် တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ ဒါကြောင့် ကံ့ကော်တောကပြုလုပ်မယ့် “Storytelling” သင်တန်းကို တက်ရောက်ကြဖို့ ဖိတ်ပါတယ်။ စိတ်ပါဝင်စားသူမည်သူမဆို"အခမဲ့"တက်ရောက်နိုင်ပြီး သင်တန်းကာလ (၃)ရက်၊ တစ်ရက်ကို (၂) နာရီနဲ့ စုစုပေါင်း (၆)နာရီတက်ရောက်ရမှာ ဖြစ်ပါတယ်။ ??? အသေးစိတ်အချက်အလက် ? Topic: “Storytelling” ? Trainer: Hnin Wint Naing, Media and Communication Officer ?Date: Mon Oct 19, 2026 - Wed Oct 21, 2026, (3 Days) ?Time: 6:00 PM – 8:00 PM(MMT) Join Zoom Meeting https://us06web.zoom.us/j/82555117018?pwd=7zcA8U2xorWOLDaRX66aKCi9xdrqw8.1 (https://www.google.com/url?q=https%3A%2F%2Fus06web.zoom.us%2Fj%2F82555117018%3Fpwd%3D7zcA8U2xorWOLDaRX66aKCi9xdrqw8.1&sa=D&source=calendar&ust=1791947760000000&usg=AOvVaw2V12C60OZHToH_B9mTtVVs) Meeting ID: 825 5511 7018 Passcode: 262488 ကံ့ကော်တောရဲ့ တယ်လီဂရမ်ချန်နယ်ကို(https://t.me/kktlib) Join ထားဖို့ မမေ့နဲ့နော် ‼️
Library Talk မင်္ဂလာပါ ... ယခုလမှာတော့ သုတေသနဆိုင်တဲ့ စကားဝိုင်းလေးတစ်ခု စီစဉ်ထားပါတယ်။ အရည်အသွေးအခြေပြု သုတေသန ဒေတာများကို ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်ဆင့်နှင့် ခွဲခြမ်းစိတ်ဖြာခြင်းအတွက် အသုံးပြုနိုင်သည့် အထောက်အကူပြု software ၊ AI tools များနှင့် ၎င်းတို့ကို သုံးစွဲသည့်အခါ သိထားသင့်သည့် အားသာချက်၊ အားနည်းချက်များ အကြောင်းကို ဆွေးနွေးသွားပါမည်။ ?????????တက်ရောက်သင့်သူများ - အရည်အသွေးအခြေပြု သုတေသနကို စိတ်ဝင်စားသည့် လူငယ်သုတေသီများ ? စိတ်ပါဝင်စားသူများအနေနဲ့ အောက်ဖော်ပြပါ အစီအစဉ်အတိုင်းတက်ရောက်နိုင်ပါတယ်။ တယ်လီဂရမ်ချန်နယ်ကိုလည်း Join ထားဖို့ မမေ့နဲ့နော်!!! >>> https://t.me/kktlib ? အသေးစိတ်အစီအစဉ် ? အကြောင်းအရာ_ “အရည်အသွေးအခြေပြု အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း မိတ်ဆက်” ? ဆွေးနွေးမည့်သူများ- ဒေါက်တာ မေ နှင့် ဒေါက်တာ စံပယ်ခိုင် ? အချိန်- စက်တင်ဘာလ ၃၀ရက်၊ ညနေ ၆ နာရီ မှ ၈ နာရီအထိ ? တက်ရောက်ရန်- Join Zoom Meeting https://us06web.zoom.us/j/89358636256?pwd=0qdULwpfpTsaG7K9AD8qaKF1s85YCQ.1 (https://www.google.com/url?q=https%3A%2F%2Fus06web.zoom.us%2Fj%2F89358636256%3Fpwd%3D0qdULwpfpTsaG7K9AD8qaKF1s85YCQ.1&sa=D&source=calendar&ust=1786857540000000&usg=AOvVaw2CbTO5PqNkb8VR2BngZVcA) Meeting ID: 893 5863 6256 Passcode: 922432
ယနေ့ခေတ်မှာ ထိရောက်တဲ့ Presentation တစ်ခုဖြစ်ဖို့အတွက် Slide တွေကို ဖတ်ပြရုံနဲ့ မလုံလောက်တော့ပါဘူး။ ရှင်းလင်းတဲ့အကြောင်းအရာအချက်အလက်၊ ဆွဲဆောင်မှုရှိတဲ့ဒီဇိုင်း နဲ့ ပရိသတ်ကို အပြန်အလှန် ပါဝင်စေတဲ့ တင်ဆက်မှု က အရေးကြီးဆုံး ဖြစ်လာပါတယ်။ ဒါကြောင့် ကံ့ကော်တောက “Prentation skill training” စီစဉ်ထားပါတယ်။ ဆရာပြည့်စုံငြိမ်းက မျှဝေပေးမှာ ဖြစ်ပြီး သင်တန်းကာလ (၄)ရက်၊ တစ်ရက် (၂) နာရီ ကြာမြင့်မှာ ဖြစ်ပါတယ်။ ? သင်တန်းတွင် လေ့လာရမည့် အကြောင်းအရာများ - ✨ Presentation Planning: Blueprint & Mind Mapping ✨ Ethical AI အသုံးပြုနည်း ✨ Canva ဖြင့် Professional Slide Design ✨ ယုံကြည်မှုရှိရှိ Presentation တင်ဆက်နည်း ✨ Audience Engagement Techniques စတာတွေ ပါဝင်မှာဖြစ်ပါတယ်။ စိတ်ပါဝင်စားသူမည်သူမဆို သင်တန်းကို အခမဲ့တက်ရောက်နိုင်ပါတယ်။ ? အသေးစိတ်အစီအစဉ် ?Topic: Modern Presentation Skills ?️Facilitator: Sayar Pyi Sone Nyein ? Date: 27–28 July & 3–4 August 2026 (4 Days) ? Time: 6:00 PM – 8:00 PM (MMT) ? Platform: Zoom https://us06web.zoom.us/j/82821879693?pwd=s5cuhqBDFSOXpmQaYUwAYz11rzaa7h.1
AI က ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အမှန်တကယ် အထောက်အကူပြုနေသလား၊ သိုမဟုတ် Greenwashing တစ်မျိုးသာလား? ?? ယနေ့ခေတ်မှာ AI နည်းပညာကို ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး၊ သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲရေးနှင့် Sustainable Development အတွက် ကျယ်ပြန့်စွာ အသုံးပြုလာကြပါတယ်။ သိုသော် AI က ပတ်ဝန်းကျင် အတွက် အမှန်တကယ် အကျိုးပြုနေသလား၊ ဒါမှမဟုတ် Greenwashing အဖြစ်သာ အသုံးချခံနေရသလား ဆိုတာက ဆွေးနွေးသင့်တဲ့ အရေးကြီးသော မေးခွန်းတစ်ခု ဖြစ်လာပါတယ်။ ယခုလ Knowledge Sharing Session မှာ Environment, Health and Safety Myanmar (EHS Myanmar) ရဲ့ Founder & Executive Director ဖြစ်သူ ဒေါက်တာ ကောင်းထက်စွမ်း ကို ဖိတ်ကြားထားပါတယ်။ ဒေါက်တာစွမ်းက Environmental and Water Resources Engineering ဘာသာရပ်နဲ့ Mahidol University မှ Ph.D. ပါရဂူဘွဲ ရရှိထားပြီး လက်ရှိမှာ ထိုင်းနိုင်ငံ KMUTT တက္ကသိုလ်၌ Senior Researcher အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါတယ်။ AI နှင့် Environmental Sustainability၊ Climate Action ၊ Greenwashing ဆိုင်ရာ စိတ်ဝင်စားဖွယ် အမြင်များနှင့် အတွေ့အကြုံများကို မျှဝေဆွေးနွေးသွားမည် ဖြစ်လို စိတ်ပါဝင်စားသူများအားလုံး ပါဝင်နားဆင်နိုင်ရန် ဖိတ်ခေါ်အပ်ပါတယ်။ ? Topic: AI for Environmental Protection: Genuine Solution or Greenwashing? ? Speaker: Dr. Kaung Htet Swan, Founder & Executive Director, EHS Myanmar. ? Date: June 5, 2026 ⏰ Time: 6:00 PM – 7:30 PM (Myanmar Time) ? Platform: Zoom Meeting Meeting ID: 890 3450 3991 Passcode: 466823 ? ကံ့ကော်တောရဲ့တယ်လီဂရမ်ချန်နယ် (https://t.me/kktlib) မှာလည်း ကံ့ကော်တောရဲ့သတင်းအချက်အလက်တွေ ရယူနိုင်ပါပြီ... #AIforEnvironment #EnvironmentalProtection #Greenwashing #ClimateAction #Sustainability #kantkawtaw #KnowledgeSharing
??? Scholarship Application Webinar Series နိုင်ငံခြားတက္ကသိုလ် တစ်ခုခုမှာ ဘွဲ့လွန်၊ ဘွဲ့ကြိုတန်းတွေ နဲ့ ပညာသင်ဆု(Scholarship) လျှောက်ဖို့ စဉ်းစားနေသူများအနေနဲ့ ? ဘယ်ကျောင်းက ဘယ်အစီအစဉ် (Programme)ကို လျှောက်ရမယ် ဝေခွဲမရ ဖြစ်နေပါသလား❓ ? ကျောင်းနဲ့ ပညာသင်ဆု (Scholarship) လျှောက်တဲ့အခါ ဖြတ်ကျော်ရမယ့် အဆင့်တွေ၊ သိရမယ့် အရာတွေနဲ့ စိမ်းနေသေးပါသလား❓ ? လိုအပ်တဲ့ အက်ဆေးတွေ ရေးဖို့၊ CV တွေ ပြင်ဆင်ဖို့ တွန့်ဆုတ်ပြီး အလုပ်မဖြစ်ဘူး ဖြစ်နေပါသလား❓ အဲ့ဒါဆိုရင်တော့ ကံ့ကော်တောစာကြည့်တိုက်က ပြုလုပ်တဲ့ “ Scholarship Application Webinar Series” ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ ဒီ Webinar တွေက မြန်မာကျောင်းသားတွေအတွက် သီးသန့်စီစဥ်ထားတာ ဖြစ်ပြီး ပညာသင်ဆု (Scholarship) လျှောက်ထားရာမှာ လက်တွေ့ အသုံးပြုနိုင်မယ့် နည်းစနစ်တွေ၊ ချဥ်းကပ်ပုံတွေ၊ အချိန်ဇယား စီမံခန့်ခွဲနည်းတွေကို သေချာရှင်းပြပေးမယ့်အပြင် လက်ရှိ ကျောင်းတက်နေသူ/ ကျောင်းပြီးထားသူတွေရဲ့ အတွေ့အကြုံတွေပါ ပြန်မျှဝေပေးတာဖြစ်ပါတယ်။ အက်ဆေးတွေ လက်တွေ့ အတူတူ ရေးသားနိုင်မယ့် အစီအစဥ်လည်း ပါဝင်တာကြောင့် အမှန်တကယ် အထောက်အကူ ဖြစ်နိုင်တဲ့ အခွင့်အရေးဖြစ်ပါတယ်။ တက်ရောက်ရမယ့် နေ့ရက်တွေက - ?Week 1 (28 April 2026): Introduction to University Applications & Choosing the Right Programme for You ?Week 2 (05 May 2026): An Overview of the Application Process ?Week 3 (12 May 2026): Writing a Strong Personal Statement & Essays (Part 1: Foundations & Brainstorming) ?Week 4 (19 May 2026): Hands-on Writing and Experience Sharing ⏰ အချိန်က - 5:00 PM - 7:00 PM (Myanmar Time) ? သင်တန်းကြေး - အခမဲ့ လျှောက်လွှာတင်ရန်- https://docs.google.com/forms/d/1S6jO_NTrw80gz95oeW1N1UA9pm5Dx_BUvSFZcAv310U/edit
မင်္ဂလာပါ... စာကြည့်တိုက်တိုက်ပညာနဲ့ပတ်သက်ပြီး သင်တန်းတောင်းဆိုနေကြတဲ့ မိတ်ဆွေများအတွက် ကံ့ကော်တောက “စာကြည့်တိုက်မိတ်ဆက်” ခေါင်းစဉ်နဲ့ ရက်တိုသင်တန်းလေး စီစဉ်ထားပါတယ်။ အခြေခံစာကြည့်တိုက်ပညာ အကြောင်းအရာဗဟုသုတများကို အောက်ပါအစီအစဉ်အတိုင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ? ခေါင်းစဉ် - "စာကြည့်တိုက်ပညာမိတ်ဆက်" ?ကျင်းပမည့်နေ့ - မတ်လ ၃၀ရက်၊ ဧပြီလ ၁ နှင့် ၃ ရက် ၂၀၂၆ ခုနှစ်။ ညနေ ၆ နာရီခွဲ မှ ည ၈ နာရီထိ။ ?ကြာချိန်- ၃ ရက်၊ တစ်ရက် ၁ နာရီခွဲ။ ? ဖော်ပြပါလင့်ခ်မှတစ်ဆင့် လျှောက်ထားနိုင်ပါပြီ။ Application form : https://docs.google.com/forms/d/e/1FAIpQLSeWF1XsXjomShPE-gcdO5BXDebgbLsidofDqRWnkQSqXgX7EA/viewform?usp=header ?ဖောင်ပိတ်ရက်- ၂၈ မတ်လ ၂၀၂၆။ ?သင်တန်းကြေး- အခမဲ့