မင်္ဂလာပါ... ကံ့ကော်တောစာကြည့်တိုက်က စာဖတ်သူတို့ကိုအတွက် ပညာရပ်ဆိုင်ရာအကြောင်းအရာ တွေ၊ သတင်းအချက်အလက်တွေကို ပုံစံအမျိုးမျိုးနဲ့ မျှဝေပံ့ပိုးလျက်ရှိပါတယ်။ လာမယ့် ဇွန်လ ၂၈ ရက်နေ့မှာ ဗဟုသုတရဖွယ် စကားဝိုင်းလေးတစ်ခု ပြုလုပ်ပေးဖို့ ရှိပါတယ်။ ဒီစကားဝိုင်းမှာ မြန်မာ့ဌာနေတိုင်းရင်းသားဖြစ်တဲ့ ကရင်တိုင်းရင်းသားတို့ရဲ့ ဘာသာစကားတွေထဲက “ဖလုံဘာသာစကား”နဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ဆွေးနွေးမျှဝေမှာ ဖြစ်ပါတယ်။ မျှဝေပေးမယ့် ဆရာမ က ဆရာမ “ကမာ”ပါ။ ဆရာမကတော့ ဖလုံဘာသာစကားနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင် လေ့လာထားတဲ့၊ လေ့လာနေတဲ့ သုတေသီတစ်ဦးဖြစ်ပါတယ်။ ဒီစကားဝိုင်းမှာ ဆရာမ က "ဖလုံဘာသာစကား"နဲ့ ပတ်သက်လို့ ဘယ်လိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေ မျှဝေမလဲဆိုတာ သိရှိနိုင်အောင်လို့ အတူပါဝင် တက်ရောက်ကြဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။ အသေးစိတ်အချက်အလက် • Topic - "The Vitalization and Sustainability of Phlou (ဖလုံ) Ethnolinguistic Minority Language in Hpa-An Township, Myanmar: An Analysis of Community and Institutional Support" • Speaker Name - Kamar(ကမာ) • When: Saturday, June 28⋅4:30 – 5:30pm • Where: Join Zoom Meeting Meeting ID: 812 5922 0797 Passcode: 555310
                                        1 week ago မင်္ဂလာပါ… ကံ့ကော်တောကပြုလုပ်ပေးတဲ့ သင်တန်းလေးတွေ၊ စကားဝိုင်းလေးတွေက မိတ်ဆွေတို့အတွက် အသုံးဝင်တယ်ဆိုတာ ကြားသိရတဲ့အတွက် ဝမ်းသာမိပါတယ်။ ဒီလမှာလည်း မိတ်ဆွေတို့ တောင်းဆိုထားတဲ့ထဲကတစ်ခု ဖြစ်တဲ့ Interview ဖြေဆိုခြင်းနှင့်ပတ်သက်တဲ့ အကြောင်းအရာကို မျှဝေပေးမှာ ဖြစ်ပါတယ်။ ဖိတ်ကြားထားတဲ့ ဆရာကတော့ Myanmar Development Professionals က ဆရာဒေါက်တာပြည့်စုံငြိမ်း ပါ… တက်ရောက်ကြဖို့အားလုံးကို ဖိတ်ခေါ်ပါတယ်… Topic: "Answering Interviews with Confidence" Speaker: Dr. Pyi Sone Nyein, Managing Director (Myanmar Development Professionals), Doctor of Philosophy in Business Management (Aldersgate, Philippines), Master of Development Studies (Yangon Institute of Economics, Myanmar) When: Saturday, February 22, 6:00 – 8:00pm Where: Join Zoom Meeting Meeting ID: 875 6800 9694 Passcode: 702392
                                        မင်္ဂလာပါ... ကံ့ကော်တောစာကြည့်တိုက် ရဲ့၂၀၂၅ ခုနှစ်အတွက် ပထမဆုံးသောပွဲလေးကို မိတ်ဆွေတိုတောင်းဆိုထားတဲ့ သင်တန်းလေးတစ်ခုနဲ့ စတင်လိုက်ပါပြီ။ လူငယ်တွေအတွက် အဓိကလိုအပ်နေတဲ့ CV, Resume ရေးသား နည်းသင်တန်းဖြစ်ပြီး Myanmar Development Professionals က ဆရာ ဒေါက်တာ ပြည့်စုံငြိမ်းက မျှဝေ ပေးမှာဖြစ်ပါတယ်။ တက်ရောက်ကြဖိုခေါ်ပါတယ် .☺️☺️☺️ Event Detail… ? Topic: "How to write CV, Resume" ?️ Speaker: "Dr. Pyi Sone Nyein". Managing Director, Myanmar Development Professionals ? Date: 29 January 2025 ⏰ Time: 6:00 – 7:30pm (MMT) ? Where: Join Zoom Meeting
                                        Transgender Day of Remembrance (TDOR) 3 months ago မင်္ဂလာပါ... ယခု ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ ကတော့ Transgender တွေကို ဆန့်ကျင်တဲ့ အကြမ်းဖက်မှုတွေ ကြောင့် အသက်ဆုံးရှုးခဲ့ရတဲ့ Transgender များကို အောက်မေ့သတိရဖွယ်နေ့အဖြစ် ဂုဏ်ပြုကျင်းပတဲ့ Transgender Day of Remembrance (TDOR) နေ့ ပါ။ TDOR မတိုင်မီ တစ်ပတ်အလိုတွင်၊ ကမ္ဘာတစ်ဝှမ်းရှိ လူပုဂ္ဂိုလ်များ၊ အဖွဲအစည်းများက လိင်တူချစ်သူများ (သို)လိင်ပြောင်းသူများ(သို) Transgender များ အရေးကို အများသူငှာ သတိပြုသိရှိလာရန်နှင့် လူမှုအသိုင်း အဝိုင်းတွင် ၎င်းတို ရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်းရန် Transgender Awareness Week အဖြစ် အထိမ်းအမှတ်ပွဲများ ပြုလုပ်ပါဝင်ဆောင်ရွက်ကြပါတယ်။ ကံ့ကော်တောစာကြည့်တိုက်မှာလည်း လာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ TDOR အထိမ်းအမှတ်ပွဲလေး ရှိပါတယ်။ ဒီပွဲလေးမှာ မျှဝေဆွေးနွေးမယ့်သူကတော့ Transgender အရေးတက်ကြွစွာ ပါဝင် ဆောင်ရွက်နေသူတစ်ဦး ဖြစ်တဲ့ ထိုက်ထိုက် ပါ။ ကျွန်မတို မသိသေးတဲ့ သူတို အကြောင်းတွေ၊ သူတိုရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကြားသိနိုင်ဖို၊ သိရှိနားလည်နိုင်ဖို အတွက် အောက်ဖော်ပြပါအစီအစဉ်အတိုင်း ပွဲလေးကို တက်ရောက်ကြပါလို အားလုံးကို ဖိတ်ခေါ်ပါတယ်... Title: “SOGIESC Diversity and LGBTIQ Identity” Speaker: Htike Htike When: Nov 20, 2024 10:30 AM - 12:00 PM Asia – Yangon Where: Join Zoom Meeting Meeting ID: 851 8624 8523 Passcode: 586373
                                        “Introduction to Zotero: Citation Management Tool” training ကို အောက်တိုဘာလ ၂ရက်နေ့ ညနေ ၆ နာရီခွဲမှာ ပြုလုပ်မှာဖြစ်ပါတယ်။ Zotero က မိမိတို့ ရှာဖွေစုဆောင်းထားတဲ့ အချက်အလက်များကို စနစ်တကျ သိမ်းဆည်း ထားနိုင်သလို၊ စာတမ်းမှာ Assignmentမှာ စာကိုးကျမ်းကိုးများ ထည့်သွင်းရာမှာလည်း အသုံးပြုနိုင်တဲ့ referenceing tool ဖြစ်ပါတယ်။ ဒီသင်တန်းမှာ Zotero tool အသုံးပြီး အချက်အလက်သိမ်းဆည်းခြင်း၊ ကျမ်းကိုးစာကိုး ထည့် သွင်းခြင်း နည်းလမ်း အဆင့်ဆင့်တို့ကို သိရှိနိုင်မှာပါ။ Referencing Tool အကြောင်းလေ့လာချင်သူများအားလုံး တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါ တယ်။ Topic: "Introduction to Zotero: Citation Management Tool" When: Oct 2, 2024 6:30 PM - 7:30 PM Asia - Yangon Where: Join Zoom Meeting Meeting ID: 817 4996 3941 Passcode: 059716
                                        ယခုလရဲ့ စာကြည့်တိုက်စကားဝိုင်းမှာ မျှဝေမယ့်အကြောင်းအရာက စားနပ်ရိက္ခာနဲ့ပတ်သက်တဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်နဲ့ အရေးပေါ်အခြေအနေမှာ စားနပ်ရိက္ခာ ဖူလုံမှုအတွက် ဘာတွေလုပ်ရမလဲ၊ ဘယ်လိုတွေလုပ်ရမလဲစသည့် အရေးကြီး သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို မျှဝေပေးမှာ ဖြစ်ပါတယ်။ ဗဟုသုတတွေ မျှဝေပေးမယ့် သူကတော့ ဆရာမ ဒေါက်တာ ဥမ္မာခိုင် ဖြစ်ပါတယ်။ ဆရာမက စားနပ်ရိက္ခာ ဖူလုံရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ ရာသီဥတုဒဏ်ခံနိုင်မှုနှင့် ရာသီဥတုမျှတမှု နှင့်၊ ဇီဝမျိုးစုံမျိုးကွဲ-အကျိုး ပြုသော အစားအစာစနစ် စတဲ့နယ်ပယ်တွေမှာ ပါဝင်လုပ်ကိုင်နေသူဖြစ်ပြီး လုပ်ငန်းအတွေ့ကြုံ ၂၈ နှစ်ကျော်ရှိပြီဖြစ်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦးပါ။ ၂၀၁၇ ခုနှစ်ကတည်းက Asian Climate Consortium (ACCC)ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။ လက်ရှိမှာလည်း ASEAN Center for Biodiversity မှာ လုပ်ကိုင်လျက်ရှိပါတယ်။ သဘာဝဘေးဒဏ်ခံစားနေရတဲ့ လက်ရှိအခြေအနေမှာ သိရှိနားလည်းထားရန် အထူးလိုအပ်နေတဲ့ စားနပ်ရိက္ခာဖူလုံရေးအကြောင်းအရာကို ဆရာမလိုပညာရှင်တစ်ဦးက မျှဝေပေးမှာဖြစ်လို့ တက်ရောက်ကြပါလို့ တိုက်တွန်းပါရစေ။ အသေးစိတ်အချက်အလက်ကတော့… Topic: “Food Security in Disaster and Emergency” Speaker: ဒေါက်တာ ဥမ္မာခိုင် When: Sep 23, 2024 4:00 PM - 5:30 PM Asia – Yangon Where: Join Zoom Meeting Meeting ID: 838 5881 7970 Passcode: 919255 ကံ့ကော်တောရဲ့သတင်းအချက်လက်တွေကို အောက်ဖော်ပြပါဆိုရှယ်မီဒီယာများမှလည်းရယူနိုင်ပါတယ်။ Telegram: (https://t.me/kktlib) Facebook: @Kant Kaw Taw