2025-11-21
ယခု နိုဝင်ဘာလထဲမှာ ကံ့ကော်တောစာကြည့်တိုက်က ”တွေးခေါ်ပြောဆိုမှုပညာသင်တန်း(Debate Education Training)” ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
"Debate" ဆိုတာနဲ့ တစ်ဖက်နဲ့တစ်ဖက် 🗣️အချေအတင် ငြင်းခုံကြတာလိုပဲ အများစုက ထင်မှတ်ကြတာပါ။
တကယ်တော့ တွေးခေါ်ပြောဆိုမှုပညာ (debate)ဆိုတာ အကြောင်းအရာတစ်ခုပေါ် အခြေတည်ပြီး ကိုယ့်အဆိုမှန်ကန်ကြောင်း ထုတ်ဖော်ပြောဆိုကြရုံမျှသာ မဟုတ်ဘဲ
ခိုင်လုံတဲ့ အချက်အလက်စုဆောင်းရခြင်း၊ အများလက်ခံလာအောင် ပြောဆိုနိုင်သော စကားပြောစွမ်းရည်ရှိရခြင်း၊ အချိန်စီမံခန့်ခွဲရခြင်း၊ အသင်းအဖွဲ့နှင့်ဆောင်ရွက်တတ်ခြင်း စသည့် စွမ်းရည်များလည်းပေါင်းစပ် ပါဝင်ရပါတယ်။
ဒီလို နေ့စဉ်လူမှုဘဝအတွက် အရေးပါတဲ့ စွမ်းရည်တွေကို “တွေးခေါ်ပြောဆိုမှုပညာသင်တန်း” မှာ လေ့လာကြရမယ့်အပြင် Mini Tournament ပါ ပါမှာ ဖြစ်လို့ လက်တွေ့လေ့ကျင့်ခွင့်လည်း ရရှိမှာ ဖြစ်ပါတယ်…
သင်တန်းကာလ စုစုပေါင်း ၉ ရက်(Training Days+ Mini Tournament)၊ တစ်ရက်ကို🕰️အချိန် ၂ နာရီခွဲ ကြာမြင့်မှာ ဖြစ်ပြီး သင်တန်းကြေး “အခမဲ့” ဖြစ်ပါတယ်။
သင်တန်းတက်ရောက်ဖို ရွေးချယ်ခံရသူတွေကို နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေမှာ 📧email ကနေ အကြောင်းကြားပေးမှာပါ။
🚨🚨🚨လူဦးရေကန့်သတ်ထားတာဖြစ်လို နောက်ကျ မကျန်ရလေအောင် သင်တန်းတက်ရောက်ခွင့် ဖောင်ကို အမြန်ဖြည့်ကြဖို တိုက်တွန်းပါရစေ…
Event Detail…
🔸 Topic: “တွေးခေါ်ပြောဆိုမှုပညာသင်တန်း” (Debate Education Training)
🔹 Facilitator: U Thant Sin
🔸 Training Days: 21-24 Nov. 2025
Mini Tournament: 27-30 Nov. 2025
🔹 Time- 6:30 PM - 9:00 PM(MMT)
🔸 Application Deadline- 19 November 2025
Application form link:
https://docs.google.com/forms/d/e/1FAIpQLSeCuibs70iV8oIHqUjqizvPjP7QfDtl_dHddyt_vuAIZctlTA/viewform?usp=header
#LibraryEvents
#Debate