Zotero: Research Tool

Zotero: Research Tool

Zotero: Research Tool

2 years ago

မင်္ဂလာပါ…

လာမည့်သောကြာနေ့ (၈ ဇူလိုင်လ ၂၀၂၂)ခုနှစ်နေ့ (နံနက် ၁၁ နာရီမှ ၁၁နာရီ ၄၅ မိနစ်ိိ)မှာ""Zotero : Research Tool"" အသုံးပြုပုံကို အခမဲ့ မျှဝေပေးမှာ ဖြစ်ပါတယ်။
 ဒီမျှဝေမှု မှတစ်ဆင့်

🔹 မိမိတိုရှာဖွေထားသော စာအကိုးအကားများ၊ အချက်အလက်များ စသည့် softcopy ဖိုင်များကို Zotero software ကိုအသုံးပြု၍ စနစ်တကျ သိမ်းဆည်းထားနိုင်ခြင်း၊
🔹 သတေသနပြုလုပ်ရာတွင် အသုံးပြုသည့် ကိုးကားချက်များကို မှန်ကန်စွာ အသုံးပြုနိုင်ခြင်း၊
🔹 သတေသနပြုသူအချင်းချင်း မျှဝေလိုသော သုတေသန အချက် အလက်များကို လွယ်ကူစနစ်ကျနစွာဖြင့် မျှဝေအသုံးပြုနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
စိတ်ပါဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါ Zoom link မှတစ်ဆင့် ပါဝင် တက်ရောက်နိုင်ပါတယ်… 

Join Zoom Meeting
https://us06web.zoom.us/j/87349591242?pwd=SStSam5YS1Y3NGJvUkpFV3piYmJOdz09

Meeting ID: 873 4959 1242
Passcode: 327239

Other Announcement
Food Security in Disaster and Emergency
Food Security in Disaster and Emergency
ယခုလရဲ့ စာကြည့်တိုက်စကားဝိုင်းမှာ မျှဝေမယ့်အကြောင်းအရာက စားနပ်ရိက္ခာနဲ့ပတ်သက်တဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်နဲ့ အရေးပေါ်အခြေအနေမှာ စားနပ်ရိက္ခာ ဖူလုံမှုအတွက် ဘာတွေလုပ်ရမလဲ၊ ဘယ်လိုတွေလုပ်ရမလဲစသည့် အရေးကြီး သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို မျှဝေပေးမှာ ဖြစ်ပါတယ်။ ဗဟုသုတတွေ မျှဝေပေးမယ့် သူကတော့ ဆရာမ ဒေါက်တာ ဥမ္မာခိုင် ဖြစ်ပါတယ်။ ဆရာမက စားနပ်ရိက္ခာ ဖူလုံရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ ရာသီဥတုဒဏ်ခံနိုင်မှုနှင့် ရာသီဥတုမျှတမှု နှင့်၊ ဇီဝမျိုးစုံမျိုးကွဲ-အကျိုး ပြုသော အစားအစာစနစ် စတဲ့နယ်ပယ်တွေမှာ ပါဝင်လုပ်ကိုင်နေသူဖြစ်ပြီး လုပ်ငန်းအတွေ့ကြုံ ၂၈ နှစ်ကျော်ရှိပြီဖြစ်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦးပါ။ ၂၀၁၇ ခုနှစ်ကတည်းက Asian Climate Consortium (ACCC)ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။ လက်ရှိမှာလည်း ASEAN Center for Biodiversity မှာ လုပ်ကိုင်လျက်ရှိပါတယ်။ သဘာဝဘေးဒဏ်ခံစားနေရတဲ့ လက်ရှိအခြေအနေမှာ သိရှိနားလည်းထားရန် အထူးလိုအပ်နေတဲ့ စားနပ်ရိက္ခာဖူလုံရေးအကြောင်းအရာကို ဆရာမလိုပညာရှင်တစ်ဦးက မျှဝေပေးမှာဖြစ်လို့ တက်ရောက်ကြပါလို့ တိုက်တွန်းပါရစေ။ အသေးစိတ်အချက်အလက်ကတော့… Topic: “Food Security in Disaster and Emergency” Speaker: ဒေါက်တာ ဥမ္မာခိုင် When: Sep 23, 2024 4:00 PM - 5:30 PM Asia – Yangon Where: Join Zoom Meeting https://us06web.zoom.us/j/83858817970?pwd=jSrgG2lcPvBnwdDLXEqKq8jkGlMgs8.1 Meeting ID: 838 5881 7970 Passcode: 919255 ကံ့ကော်တောရဲ့သတင်းအချက်လက်တွေကို အောက်ဖော်ပြပါဆိုရှယ်မီဒီယာများမှလည်းရယူနိုင်ပါတယ်။ Telegram: (https://t.me/kktlib) Facebook: @Kant Kaw Taw
1 month ago
Grammatical and Phonetical Fluidity
Grammatical and Phonetical Fluidity
မင်္ဂလာပါ… ကံ့ကော်တောစာကြည့်တိုက်ကနေ စာဖတ်သူများကို အကောင်းဆုံးသော ဝန်ဆောင်မှု၊ ပံ့ပိုးမှုတွေပေးနိုင်အောင် အစဉ်အမြဲ ကြိုးပမ်းလျက်ရှိပါတယ်… ဒီတစ်ခေါက်မှာ အင်္ဂလိပ်စာကို လေ့လာလိုသောစာဖတ်သူများအတွက် “Grammatical and Phonetical Fluidity” ဆိုတဲ့ အင်္ဂလိပ်စာသင်တန်းလေးတစ်ခု ကို ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။ အခမဲ့ (ပညာဒါနသင်တန်း) တက်ရောက်နိုင်မယ့်သင်တန်း ဖြစ်ပြီး စိတ်ပါဝင်စားသူမည်သူမဆိုအောက်ဖော်ပြပါ လင့်ခ်မှတစ်ဆင့် လျှောက်ထားနိုင်ပါတယ်… ၄.၁၁.၂၀၂၃ (စနေနေ့) ညနေ ၄ နာရီ နောက်ဆုံးထားလျှောက်ထားရမှာ ကြောင်းကိုလည်း အသိပေးပါ ရစေ… တက်ရောက်ခွင့်ရသူများအားလုံးကို စနေ့နေ့ ည ၇နာရီမှာ email ပေးပို့အကြောင်းကြားသွားမှာ ဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်… Detail information Course: Grammatical and Phonetical Fluidity Instructor: Tr. Wayne, Fulbright Scholar and alumnus (2018-2020); B.A. Eng(C) (MUFL); Dip ELT (MU); M.A. Eng (MU); M.S. Educational Methodology, Policy, and Leadership, University of Oregon, USA. Founder and Principal (The Big Dipper - IELTS & the English Language Facilitating Center), IELTS Prize Winner (local 2017-2018), Lecturer - University of Global Peace သင်တန်းကြေး - အခမဲ့ ကြာချိန်- ၅ ရက် သင်တန်းနေ့ရက်- ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၅ရက်နေ့ မှ ဒီဇင်ဘာလ ၃ ရက်နေ့ထိ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အချိန် - ည ၇ နာရီမှ ၉နာရီထိ နေရာ- Zoom လျှောက်ထားရန်-  https://forms.gle/a6FgwLKSP2m3bw9z9
11 months ago
“သန့်ရှင်းသောလေ၊ ကျန်းမာသော မြန်မာ- အမှိုက်မီးရှို့ခြင်း အန္တရာယ်ကိုနားလည်ခြင်း”
“သန့်ရှင်းသောလေ၊ ကျန်းမာသော မြန်မာ- အမှိုက်မီးရှို့ခြင်း အန္တရာယ်ကိုနားလည်ခြင်း”
မင်္ဂလာပါ... ယခုလို ဆောင်းလရာသီ ရွက်ဟောင်းကြွေချိန်မှာ  သစ်ရွက်မှိုက်များကို  မီးရှို့ရှင်းလင်းနေကြတာကို မိမိတိုဝန်းကျင်မှာတွေ့မြင်နေရပါတယ်... အဲ့လိုအမှိုက်တွေကို ရှင်းလင်းဖို့ မီးရှို့ဖျက်ဆီးခြင်းဟာအကောင်းဆုံးနည်းလမ်းလား? အမှိုက်မီးရှိခြင်းရဲ့နောက်ကွယ်မှာ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ဘယ်လို အန္တရာယ်တွေရှိနေနိုင်မလဲ? မိမိတိုနေထိုင်ရာ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်စေနိုင်သလဲ? စသည်...စသည်...မေးခွန်းတွေကို အဖြေရှာဖိုအတွက်နဲ့ လေထုညစ်ညမ်းမှုအကြောင်းမျှဝေနိုင်ရန်ရည်ရွယ်ပြီး 📣"သန့်ရှင်းသောလေ၊ ကျန်းမာသောမြန်မာ- အမှိုက်မီးရှို့ခြင်းအန္တရာယ်ကိုနားလည်ခြင်း" ဆိုတဲ့ခေါင်းစဉ်နဲ့ စာကြည့်တိုက်စကားဝိုင်းလေး စီစဉ်ထားပါတယ်... ကံကော်တော မိတ်ဆွေများ အားလုံးတက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။ ဒီပို့စ် ကို မိတ်ဆွေတိုရဲ့ဝန်းကျင်ကိုထပ်မံမျှဝေပေးပါဦးနော်... ကျေးဇူးတင်ပါတယ်... 📌 Detail information 📚 Topic: “သန့်ရှင်းသောလေ၊ ကျန်းမာသော မြန်မာ- အမှိုက်မီးရှို့ခြင်း အန္တရာယ်ကိုနားလည်ခြင်း”   📚 Speaker: Dr. Kaung Htet Swan, Founder & President of the Environment, Health and Safety Myanmar(EHS Myanmar) 📚 When: Saturday, 27 January 2024, 10 AM-11:30 PM(MMT) 📚 Where: Join Zoom Meeting https://us06web.zoom.us/j/87518150248?pwd=pzRvfcBiaqeOaGyMr9oyETYj2J04bA.1 Meeting ID: 875 1815 0248 Passcode: 656095
8 months ago
IT Digital Safety Course Launching
IT Digital Safety Course Launching
မင်္ဂလာပါ... ကံ့ကော်တောစာကြည့်တိုက်မှာ ကဏ္ဍအသစ်တစ်ခု ထပ်တိုးပံ့ပိုးထားပါပြီ !!! ကဏ္ဍသစ်ကတော့ " အွန်လိုင်းသင်ခန်းစာ"ကဏ္ဍဖြစ်ပြီး သင်ခန်းစာ‌တွေကို မြန်မာဘာသာဖြင့် လေ့လာသင်ယူနိုင်မှာပါ။ အွန်လိုင်းသင်ခန်းစာများဖြစ်သည့်အတွက် အင်တာနက်ရရှိတဲ့ မည့်သည့်နေရာဒေသကနေမဆို မိမိနှစ်သက်တဲ့အချိန်(သို့) အားလပ်တဲ့အချိန်မှာ သင်ခန်းစာ တွေကို ဝင်ရောက်လေ့လာသင်ယူခွင့် ရရှိနိုင်မှာဖြစ်ပါတယ်။ “အွန်လိုင်းသင်ခန်းစာ” ကဏ္ဍသစ် မိတ်ဆက်ပွဲလေးကို လာမယ့်စက်တင်ဘာလ(၅)ရက်နေ့ မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတာ်။ ကံ့ကော်တောရဲ့ အွန်လိုင်းသင်ခန်းစာတွေကို... - ဘယ်နေရာမှာ ရှာဖွေလေ့လာရမယ်? - ဘယ်သူတွေ ဝင်ရောက်လေ့လာနိုင်မယ်? - ဘယ်လိုမျိုး ရှာဖွေလေ့လာနိုင်မယ်? … ဆိုတဲ့ အကြောင်းအရာတွေကို သိရှိနိုင်မှာ ဖြစ်တဲ့အပြင်၊ လတ်တလောမှာ လေ့လာနိုင်ပြီဖြစ်တဲ့ “ဒစ်ဂျစ်တယ်လုံခြုံရေးသင်ခန်းစာ”မှာ ပါဝင်တဲ့ အကြောင်းအရာတွေနဲ့ ဘယ်လိုတွေ ဝင်ရောက်လေ့လာနိုင်တယ်ဆိုတာကို မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကံ့ကော်တောရဲ့ ကဏ္ဍသစ်မိတ်ဆက်ပွဲလေးကို အောက်ပါအစီအစဉ်အတိုင်းတက်ရောက်ကြဖို့ အားလုံးကို ဖိတ်ပါတယ်ရှင့်… Title: “IT Digital Safety Course Launching” When: Thursday, September 5, 2:00 – 3:00 PM (MMT) Where: Join Zoom Meeting https://us06web.zoom.us/j/88146308576?pwd=5L4N6DuDj9gIkMU7hJxYgsbn1zDA32.1 Meeting ID: 881 4630 8576 Passcode: 604491
1 month ago