ယခု နိုဝင်ဘာလထဲမှာ ကံ့ကော်တောစာကြည့်တိုက်က ”တွေးခေါ်ပြောဆိုမှုပညာသင်တန်း(Debate Education Training)” ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ "Debate" ဆိုတာနဲ့ တစ်ဖက်နဲ့တစ်ဖက် 🗣️အချေအတင် ငြင်းခုံကြတာလိုပဲ အများစုက ထင်မှတ်ကြတာပါ။ တကယ်တော့ တွေးခေါ်ပြောဆိုမှုပညာ (debate)ဆိုတာ အကြောင်းအရာတစ်ခုပေါ် အခြေတည်ပြီး ကိုယ့်အဆိုမှန်ကန်ကြောင်း ထုတ်ဖော်ပြောဆိုကြရုံမျှသာ မဟုတ်ဘဲ ခိုင်လုံတဲ့ အချက်အလက်စုဆောင်းရခြင်း၊ အများလက်ခံလာအောင် ပြောဆိုနိုင်သော စကားပြောစွမ်းရည်ရှိရခြင်း၊ အချိန်စီမံခန့်ခွဲရခြင်း၊ အသင်းအဖွဲ့နှင့်ဆောင်ရွက်တတ်ခြင်း စသည့် စွမ်းရည်များလည်းပေါင်းစပ် ပါဝင်ရပါတယ်။ ဒီလို နေ့စဉ်လူမှုဘဝအတွက် အရေးပါတဲ့ စွမ်းရည်တွေကို “တွေးခေါ်ပြောဆိုမှုပညာသင်တန်း” မှာ လေ့လာကြရမယ့်အပြင် Mini Tournament ပါ ပါမှာ ဖြစ်လို့ လက်တွေ့လေ့ကျင့်ခွင့်လည်း ရရှိမှာ ဖြစ်ပါတယ်… သင်တန်းကာလ စုစုပေါင်း ၉ ရက်(Training Days+ Mini Tournament)၊ တစ်ရက်ကို🕰️အချိန် ၂ နာရီခွဲ ကြာမြင့်မှာ ဖြစ်ပြီး သင်တန်းကြေး “အခမဲ့” ဖြစ်ပါတယ်။ သင်တန်းတက်ရောက်ဖို ရွေးချယ်ခံရသူတွေကို နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေမှာ 📧email ကနေ အကြောင်းကြားပေးမှာပါ။ 🚨🚨🚨လူဦးရေကန့်သတ်ထားတာဖြစ်လို နောက်ကျ မကျန်ရလေအောင် သင်တန်းတက်ရောက်ခွင့် ဖောင်ကို အမြန်ဖြည့်ကြဖို တိုက်တွန်းပါရစေ… Event Detail… 🔸 Topic: “တွေးခေါ်ပြောဆိုမှုပညာသင်တန်း” (Debate Education Training) 🔹 Facilitator: U Thant Sin 🔸 Training Days: 21-24 Nov. 2025 Mini Tournament: 27-30 Nov. 2025 🔹 Time- 6:30 PM - 9:00 PM(MMT) 🔸 Application Deadline- 19 November 2025 Application form link: https://docs.google.com/forms/d/e/1FAIpQLSeCuibs70iV8oIHqUjqizvPjP7QfDtl_dHddyt_vuAIZctlTA/viewform?usp=header #LibraryEvents #Debate
မင်္ဂလာပါ... အောက်တိုဘာလအတွက် ကံ့ကော်တောစာကြည့်တိုက်ရဲ့ စကားဝိုင်းမှာ နည်းပညာနဲ့ ပတ်သက်တဲ့ ပွဲလေးတစ်ပွဲ စီစဉ်ထားပါတယ်။ “AI နည်းပညာ"နဲ့ ပတ်သက်ပြီး သိရှိထားသင့်တဲ့ အခြေခံကျတဲ့ အချက်အလက် အကြောင်းအရာတွေ ကို ဆရာ "Sam" က မျှဝေပေးမှာပါ။ ဆရာ့ရဲ့မျှဝေမှုမှာ ပါဝင်မှာတွေက… • Focus on Conversational AI Chatbot and Generative AI, • Education purpose and professional assistant purpose, • Pros and Cons, • Reaction of Academic and Professional community on usage of AI, • Basic utility AI tools available free ပါဝင်တက်ရောက်ကြဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။ ✨️ Topic: "Utilizing AI Tools – Balancing Authenticity and Productivity" ✨️ Speaker: Sam ✨️ When: Thu 10/23/2025 5:30 PM - 7:30 PM ✨️ Where: Join Zoom Meeting https://us06web.zoom.us/j/83155962663?pwd=bi18bRVaLgEfGFe7DU83WHyBiO3j5X.1 Meeting ID: 831 5596 2663 Passcode: 907130
မင်္ဂလာပါ ဒီလမှာတော့ “Using PowerPoint and Canvas for Creative Presentation in Professional Environments” ခေါင်းစဉ်နဲ့ သင်တန်းလေးတစ်ခု စီစဉ်ထားပါတယ်။ PowerPoint နဲ့ Canvas ကို ဘယ်လိုအသုံးပြုရမလဲဆိုတဲ့နည်းလမ်းလေးတွေကို မျှဝေပေးမှာ ဖြစ်ပါတယ်… သင်တန်း ၁နာရီခွဲအပြီးမှာ ကံ့ကော်တောမှာ အသစ်ရရှိနိုင်မယ့် ""Self-study course"" အသစ်လေးနဲ့လည်းမိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ တက်ရောက်ကြဖို အားလုံးကို ဖိတ်ခေါ်ပါတယ်။ ** Event detail 🔹 Topic: Using PowerPoint and Canvas for Creative Presentation in Professional Environments 🔸 Facilitator: Sayar Sam 🔹 When: Thu 9/25/2025 5:30 PM - 7:30 PM 🔸 Where: Join Zoom Meeting https://us06web.zoom.us/j/83013370946?pwd=MarU3CBjZyTmJ4rxD5HXJEDegabDFJ.1 Meeting ID: 830 1337 0946 Passcode: 363541