Food Security in Disaster and Emergency

Food Security in Disaster and Emergency

Food Security in Disaster and Emergency

1 month ago

ယခုလရဲ့ စာကြည့်တိုက်စကားဝိုင်းမှာ မျှဝေမယ့်အကြောင်းအရာက စားနပ်ရိက္ခာနဲ့ပတ်သက်တဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်နဲ့ အရေးပေါ်အခြေအနေမှာ စားနပ်ရိက္ခာ ဖူလုံမှုအတွက် ဘာတွေလုပ်ရမလဲ၊ ဘယ်လိုတွေလုပ်ရမလဲစသည့် အရေးကြီး သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို မျှဝေပေးမှာ ဖြစ်ပါတယ်။

ဗဟုသုတတွေ မျှဝေပေးမယ့် သူကတော့ ဆရာမ ဒေါက်တာ ဥမ္မာခိုင် ဖြစ်ပါတယ်။ ဆရာမက စားနပ်ရိက္ခာ ဖူလုံရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ ရာသီဥတုဒဏ်ခံနိုင်မှုနှင့် ရာသီဥတုမျှတမှု နှင့်၊ ဇီဝမျိုးစုံမျိုးကွဲ-အကျိုး ပြုသော အစားအစာစနစ် စတဲ့နယ်ပယ်တွေမှာ ပါဝင်လုပ်ကိုင်နေသူဖြစ်ပြီး လုပ်ငန်းအတွေ့ကြုံ ၂၈ နှစ်ကျော်ရှိပြီဖြစ်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦးပါ။ ၂၀၁၇ ခုနှစ်ကတည်းက Asian Climate Consortium (ACCC)ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။ လက်ရှိမှာလည်း ASEAN Center for Biodiversity မှာ လုပ်ကိုင်လျက်ရှိပါတယ်။

သဘာဝဘေးဒဏ်ခံစားနေရတဲ့ လက်ရှိအခြေအနေမှာ သိရှိနားလည်းထားရန် အထူးလိုအပ်နေတဲ့ စားနပ်ရိက္ခာဖူလုံရေးအကြောင်းအရာကို ဆရာမလိုပညာရှင်တစ်ဦးက မျှဝေပေးမှာဖြစ်လို့ တက်ရောက်ကြပါလို့ တိုက်တွန်းပါရစေ။

အသေးစိတ်အချက်အလက်ကတော့…

  • Topic: “Food Security in Disaster and Emergency
  • Speaker: ဒေါက်တာ ဥမ္မာခိုင်
  • When: Sep 23, 2024 4:00 PM - 5:30 PM Asia – Yangon
  • Where: Join Zoom Meeting


https://us06web.zoom.us/j/83858817970?pwd=jSrgG2lcPvBnwdDLXEqKq8jkGlMgs8.1

Meeting ID: 838 5881 7970
Passcode: 919255

ကံ့ကော်တောရဲ့သတင်းအချက်လက်တွေကို အောက်ဖော်ပြပါဆိုရှယ်မီဒီယာများမှလည်းရယူနိုင်ပါတယ်။

Telegram: (https://t.me/kktlib)

Facebook: @Kant Kaw Taw

Other Announcement
Pride Month Celebration
Pride Month Celebration
Happy Pride Month!!! ကံ့ကော်တောကနေ “Pride Month” အထိမ်းအမှတ်အနေနဲ့ ပွဲလေးတစ်ခုကျင်းပဖို့ရှိပါတယ်။ ဒီပွဲလေးကနေတစ်ဆင့် လူသားများထဲက လူသားတွေဖြစ်တဲ့ LGBTIQ+ တွေအကြောင်း သိရှိနားလည်ရင်း ပိုမိုလှပသော အနာဂတ်လောကကို အတူတကွ တည်ဆောက်ကြဖို့ အတွက် အားလုံးပါဝင်တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်… ပွဲလေးမှာ ပါဝင် ဆွေးနွေးမယ့် သူ ကတော့ … “ကျနော့်နာမည်က ဖြိုးသစ်လူ ဖြစ်ပါတယ်။ ကျနော်က လွန်ခဲ့သော ၂၀၀၈ ခုနှစ်မှ စတင်ပြီးတော့ လက်ရှိအချိန်အထိ လူ့အခွင့်အရေး၊ Gender Equality and Inclusive, LGBTIQ အရေးများနဲ့ပတ်သက်ပြီးတော့ သတင်းမီဒီယာဌာန၊ ပညာပေး လုပ်ငန်းစဉ်များ၊ စည်းရုံးလှုံ့ဆော်ခြင်းလုပ်ငန်းစဉ်များ ကို မြန်မာပြည်တွင်းနှင့် နိုင်ငံတကာတွင် သင်ယူရင်း လက်တွေ့ အသုံးချ လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။ ကျနော့်ဝါသနာအရ လည်း ပညာပေးလုပ်ငန်းများကို စိတ်ပါဝင်စားသူတယောက် ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနှံရှိ မြိုရွာများ၊ LGBTIQ အဖွဲအစည်းများ၊ တခြားသော အရပ်ဖက်အဖွဲများနှင့် ပူးပေါင်း ပြီးတော့ ထိုကိစ္စရပ်များကို ဦးစားပေးလုပ်ဆောင်လာခဲ့တာ ယနေ့ အချိန်ထိ ဖြစ်ပါတယ်။”  အောက်ပါအစီအစဉ်အတိုင်း တက်ရောက်နိုင်ပါရန် ထပ်မံဖိတ်ကြားအပ်ပါတယ်ရှင်...   Detail information Topic: “Pride Month Celebration Special Talk” Speaker: Phyo Thit Luu When: Jun 13, 2024 1:00 PM - 3:00 PM Asia – Yangon Where: Join Zoom Meeting https://us06web.zoom.us/j/89062897813?pwd=ADxcu5ac2qDnwYN1qtRZwTPOqjjihX.1 Meeting ID: 890 6289 7813 Passcode: 791645      
4 months ago
Storing Data Securely
Storing Data Securely
ကံ့ကော်တောစာကြည့်တိုက်မိတ်ဆွေများမင်္ဂလာပါ… ကံ့ကော်တောစာကြည့်တိုက်က ၂၀၂၃ ခုနှစ်ရဲ့ ပထမဆုံးစာကြည့်တိုက်စကားဝိုင်းမှာ ""နည်းပညာနှင့်သက်ဆိုင်တဲ့ စကားဝိုင်းလေး""စီစဉ်ထားပါတယ်။ အချိန်က‌တော့...လာမယ့်သောကြာနေ့ မနက်၁၀နာရီမှ ၁၁နာရီခွဲ ဖြစ်ပါတယ်။ အချိန်နှင့်တပြေးညီ တိုးတက်ပြောင်းလဲနေတဲ့ ယခုကဲ့သို့သော နည်းပညာခေတ်ကြီးမှာ တစ်ဦးတစ်ယောက်ချင်းအနေဖြင့် ဖြစ်စေ၊ အသင်းအဖွဲ့အနေ ဖြင့် ဖြစ်စေ မိမိတို့ရဲ့အချက်အလက်များ(#data)ကို စုဆောင်းပြုစုသိမ်းဆည်းခြင်းတွေကို နေ့စဉ်နှင့်အမျှ ပြုလုပ်နေကြရပါတယ်။ ထိုသို့ သိမ်းဆည်းထားတဲ့အချက်အလက်(data) များကို #Online မှာဖြစ်စေ၊ #Offline မှာဖြစ်စေ လုံခြုံစွာ ထိန်းသိမ်းနိုင်မည့်နည်းလမ်းများနှင့် သိမ်းဆည်းထားသောအချက်အလက်များကို လုံခြုံစနစ်ကျစွာနဲ့ ပြန်လည်ရယူ အသုံးပြု နိုင်မယ့် နည်းလမ်းတို့ကို IT ပညာရှင်တစ်ဦးမှ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ပါဝင်စားသော မိတ်ဆွေများတက်ရောက်ကြဖို့ဖိတ်ခေါ်ပါတယ်… ကျန်းမာရွှင်လန်းကြပါစေ… Library Talk **** 🔐 Topic: “Storing Data Securely” 🔐 When:  Friday 13 Jan 2023                    10am – 11:30am (Myanmar Time) 🔐 Where: Join Zoom Meeting https://us06web.zoom.us/j/81088288234?pwd=RGROWjZNcGljSTRJSlJHWjJsdnl5UT09 Meeting ID: 810 8828 8234 Passcode: 365766
1 year ago
“EU Parliament, its Human Rights activities, and the role of EU parliamentarians”
“EU Parliament, its Human Rights activities, and the role of EU parliamentarians”
ကံ့ကော်တောစာကြည့်တိုက်က အခုတစ်ပတ် သောကြာနေ့မှာလည်း #Library Talk လေးတစ်ခု စီစဉ်ထားပါတယ်...   📍 Library Talk မှာဖိတ်ကြားထားတဲ့ ပုဂ္ဂိုလ်ကတော့ European Paliament ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Birgit Daiber ဖြစ်ပါတယ်...   📍 “EU Parliament, its Human Rights activities, and the role of EU parliamentarians” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပြီး မြန်မာဘာသာပြန် ဆိုပေးတဲ့အစီအစဉ်လည်းပါဝင်တာမို့ မိတ်ဆွေတို့အနေနဲ့ မြန်မာဘာသာစကားနဲ့လည်း ဝင် ရောက်ဆွေးနွေးမေးမြန်းနိုင်မှာဖြစ်ပါတယ်။   Library Talk ************   🏮 Topic: “EU Parliament, its Human Rights activities, and the role of EU parliamentarians”   🏮Guest Speaker: Birgit Daiber, a member of the European Parliament(MEP)   🏮When: Friday, Nov 25, 2022 ⋅ 2pm – 3pm (Myanmar Time)   🏮Where: Join Zoom Meeting   https://us06web.zoom.us/j/85297150701?pwd=RmovUW5WT0xHeXZWYStyRTNFc296QT09   Meeting ID: 852 9715 0701 Passcode: 489960
1 year ago
Zotero: Research Tool
Zotero: Research Tool
မင်္ဂလာပါ… လာမည့်သောကြာနေ့ (၈ ဇူလိုင်လ ၂၀၂၂)ခုနှစ်နေ့ (နံနက် ၁၁ နာရီမှ ၁၁နာရီ ၄၅ မိနစ်ိိ)မှာ""Zotero : Research Tool"" အသုံးပြုပုံကို အခမဲ့ မျှဝေပေးမှာ ဖြစ်ပါတယ်။  ဒီမျှဝေမှု မှတစ်ဆင့် 🔹 မိမိတိုရှာဖွေထားသော စာအကိုးအကားများ၊ အချက်အလက်များ စသည့် softcopy ဖိုင်များကို Zotero software ကိုအသုံးပြု၍ စနစ်တကျ သိမ်းဆည်းထားနိုင်ခြင်း၊ 🔹 သတေသနပြုလုပ်ရာတွင် အသုံးပြုသည့် ကိုးကားချက်များကို မှန်ကန်စွာ အသုံးပြုနိုင်ခြင်း၊ 🔹 သတေသနပြုသူအချင်းချင်း မျှဝေလိုသော သုတေသန အချက် အလက်များကို လွယ်ကူစနစ်ကျနစွာဖြင့် မျှဝေအသုံးပြုနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါ Zoom link မှတစ်ဆင့် ပါဝင် တက်ရောက်နိုင်ပါတယ်…  Join Zoom Meeting https://us06web.zoom.us/j/87349591242?pwd=SStSam5YS1Y3NGJvUkpFV3piYmJOdz09 Meeting ID: 873 4959 1242 Passcode: 327239
2 years ago