Grammatical and Phonetical Fluidity

Grammatical and Phonetical Fluidity

Grammatical and Phonetical Fluidity

1 year ago

မင်္ဂလာပါ…

ကံ့ကော်တောစာကြည့်တိုက်ကနေ စာဖတ်သူများကို အကောင်းဆုံးသော ဝန်ဆောင်မှု၊ ပံ့ပိုးမှုတွေပေးနိုင်အောင် အစဉ်အမြဲ ကြိုးပမ်းလျက်ရှိပါတယ်…

ဒီတစ်ခေါက်မှာ အင်္ဂလိပ်စာကို လေ့လာလိုသောစာဖတ်သူများအတွက် “Grammatical and Phonetical Fluidity” ဆိုတဲ့ အင်္ဂလိပ်စာသင်တန်းလေးတစ်ခု ကို ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။ အခမဲ့ (ပညာဒါနသင်တန်း) တက်ရောက်နိုင်မယ့်သင်တန်း ဖြစ်ပြီး စိတ်ပါဝင်စားသူမည်သူမဆိုအောက်ဖော်ပြပါ လင့်ခ်မှတစ်ဆင့် လျှောက်ထားနိုင်ပါတယ်…

၄.၁၁.၂၀၂၃ (စနေနေ့) ညနေ ၄ နာရီ နောက်ဆုံးထားလျှောက်ထားရမှာ ကြောင်းကိုလည်း အသိပေးပါ ရစေ…

တက်ရောက်ခွင့်ရသူများအားလုံးကို စနေ့နေ့ ည ၇နာရီမှာ email ပေးပို့အကြောင်းကြားသွားမှာ ဖြစ်ပါတယ်

ကျေးဇူးတင်ပါတယ်…

Detail information

  • Course: Grammatical and Phonetical Fluidity
  • Instructor: Tr. Wayne, Fulbright Scholar and alumnus (2018-2020); B.A. Eng(C) (MUFL); Dip ELT (MU); M.A. Eng (MU); M.S. Educational Methodology, Policy, and Leadership, University of Oregon, USA. Founder and Principal (The Big Dipper - IELTS & the English Language Facilitating Center), IELTS Prize Winner (local 2017-2018), Lecturer - University of Global Peace
  • သင်တန်းကြေး - အခမဲ့
  • ကြာချိန်- ၅ ရက်
  • သင်တန်းနေ့ရက်- ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၅ရက်နေ့ မှ ဒီဇင်ဘာလ ၃ ရက်နေ့ထိ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း
  • အချိန် - ည ၇ နာရီမှ ၉နာရီထိ
  • နေရာ- Zoom

လျှောက်ထားရန်-  https://forms.gle/a6FgwLKSP2m3bw9z9

Other Announcement
Kant Kaw Taw library explorers’ training
Kant Kaw Taw library explorers’ training
မင်္ဂလာပါ… ကံ့ကော်တောစာကြည့်တိုက်အနေဖြင့်စာဖတ်သူများအတွက် ဗဟုသုတရရှိစေရန်၊ အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ပြီး လစဉ်လတိုင်း  နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ ကျွမ်းကျင်သူများကို ဖိတ်ကြား ပြီး စာကြည့်တိုက်စကားဝိုင်းများ၊ သင်တန်းများ၊ ဉာဏ်စမ်းအစီအစဉ်များကို အခါအားလျော်စွာ စီစဉ်ပံ့ပိုးပေးလျက် ရှိပါတယ်။ ဒီတစ်ခေါက်မှာ “Kant Kaw Taw library explorers’ training” သင်တန်းကို စီစဉ်ထားပါတယ်။  ကံ့ကော်တောစာကြည့်တိုက်က ပံ့ပိုးပေးသော ပညာရပ်ဆိုင်ရာနှင့် ဗဟုသုတရဖွယ် စာပေပစ္စည်းများကို အကျိုးရှိရှိ အသုံးပြုရင်း ပညာရှာဖွေရာတွင်လည်းကောင်း၊ လုပ်ငန်းခွင်တွင် လည်းကောင်း  မိတ်ဆွေတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့အတွက် မရှိဖြစ်လိုအပ်တဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးမယ့် သင်တန်းတစ်ခုဖြစ်ပါတယ်။  -    Presentation Skill -    Book review ရေးနည်း၊ -    21st Century Skills (Communication, Critical Thinking, Creativity & Collaboration) စသည့် စသည့်  သင်ခန်းစာအကြောင်းအရာတွေ ပါဝင်ပါတယ်။  သင်တန်းကာလက ဧပြီ ၂၉ ရက် ၂၀၂၄ ခုနှစ် မှ မေလ ၃၁ရက် ၂၀၂၄ ခုနှစ်အတွင်း၊ အပတ်စဉ် တနင်္လာ မှ ကြာသာပတေး (တစ်ပတ် လေးရက်၊ တစ်ရက် နှစ်နာရီကြာ) တက်ရောက်ရမှာ ဖြစ်ပါ တယ်။ လူဦးရေကန့်သတ်ထားပါသောကြောင့် ရွေးချယ်ခံရသူများကို ဧပြီလ ၂၄ရက် ၂၀၂၄ ခုနှစ် တွင် email မှတစ်ဆင့် အကြောင်းကြားမည် ဖြစ်ကြောင်းကို လည်း အသိပေးအပ်ပါ သည်။ သင်တန်း၊ အချိန်နှင့် နေ့ရက် အသေးစိတ်ကို အောက်မှာလည်း ဖော်ပြပေးထားပါတယ်။ တက်ရောက်ရန်စိတ်ပါဝင်စားသူများအနေဖြင့် ပေးထားသော google form မှ တစ်ဆင့် လျှောက်ထားနိုင်ပါပြီ!!! Form:https://docs.google.com/forms/d/1NKdpWMD7a3k_IEmfrHAPJWI99iMQ4x6GE38P7uYiCTw/edit Deadline: 21 April 2024, 11:59 PM *** မိမိကြောင့် သူတစ်ပါးအခွင့်အရေး မနစ်နာစေရန် သင်တန်းကို အစမှ ပြီးဆုံးသည်ထိ သင်တန်းအချိန်ပြည့်တက်ရောက်နိုင်မှသာ လျှောက်ထားကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။                        Detail Information Title: “Kant Kaw Taw library explorers’ training” Trainer: Tr. Sweet Time: 5:30- 7:30 PM  Date: 29 April 2024 – 31 May 2024, (Every Monday to Thursday)  Where: Zoom Platform
7 months ago
Introduction to Emerging Technologies
Introduction to Emerging Technologies
မင်္ဂလာပါ ကံ့ကော်တောက လစဉ်လတိုင်း စာကြည့်တိုက်စကားဝိုင်းများပြုလုပ်ပေးလျက်ရှိပါတယ်… ယခုလမှာ တော့ နည်းပညာနှင့်သက်ဆိုင်တဲ့ “Introduction to Emerging Technologies” ဆိုတဲ့ စကားဝိုင်းကို စီစဉ်ထားပါ တယ်… နည်းပညာနယ်ပယ်မှ ကျွမ်းကျင်သူပညာရှင်တစ်ဦးက ယနေ့ခေတ်မှာ ပေါ်ထွန်းလာတဲ့ မြောက်မြားစွာသော နည်းပညာတွေထဲက -  Web 3.0 -  Blockchain -  AI (Artificial intelligence) -  IoT (Internet of Things) တို အကြောင်းကို မျှဝေပေးမှာဖြစ်ပါတယ်… ခေတ်စားနေတဲ့ AI နည်းပညာအကြောင်း၊ နည်းပညာနဲ့ ပတ်သက်တဲ့ သုတများစွာရှိနိုင်မယ့် အခွင့်အရေးမို လက်မလွှတ်တမ်းတက်ရောက်ကြဖို ဖိတ်ခေါ်ပါတယ်… Library Talk Title: “Introduction to Emerging Technologies”  When: Oct 26, 2023 5:30 PM - 7:00 PM Where: Join Zoom Meeting https://us06web.zoom.us/j/82698863640?pwd=rz4FVieLuHuPzyYxqjNbb2v8DwQ4PT.1 Meeting ID: 826 9886 3640 Passcode: 940250
1 year ago
Introduction to Social Science Research Network (SSRN)
Introduction to Social Science Research Network (SSRN)
ကံ့ကော်တော ကနေပြီး “Online research platform” တစ်ခုအကြောင်း မိတ်ဆွေတို့ကို မိတ်ဆက် မျှဝေပေးဖို့ စီစဉ်ထားပါတယ်။ Social Science Research Network (SSRN)ဆိုတဲ့ research platform ဖြစ်ပြီး  Ruth Bird, the Bodleian Law Librarian, the University of Oxford(Retired) က မျှဝေပေးမှာဖြစ်ပါတယ်။ SSRN ကနေရရှိနိုင်မယ့်သုတေသနအထောက်အကူပြု resource များ အကြောင်းနှင့် ယင်း resources များ ရှာဖွေနည်းအဆင့်ဆင့် အပါအဝင်၊ SSRN plantform ရဲ့အသေးစိတ် အကြောင်းအချက်များကို မျှဝေပေး သွားမှာ ဖြစ်ပါတယ်။ သုတေသနလုပ်ငန်းစဉ်အတွက် ဖြစ်စေ၊ ဗဟုသုတ အတွက် ဖြစ်စေ၊ Online Platform ကို လေ့လာ လိုချင်သူများ  ပါဝင်တက်ရောက်ဖို့ ဖိတ်ပါခေါ်ပါတယ်။   **Library Talk** Title: Introduction to Social Science Research Network (SSRN) Speaker: Ruth Bird When: Jul 22, 2023 1:00 PM - 2:30 PM(MMT) Where: Join Zoom Meeting https://us06web.zoom.us/j/84909299308?pwd=RTAyOERWS2RaWE80dEZ3ai95VUkxQT09 Meeting ID: 849 0929 9308 Passcode: 453469
1 year ago
Library Training
Library Training
မင်္ဂလာပါ… ဥပဒေ၊ လူ့အခွင့်အရေးနှင့်လူမှုရေးသိပ္ပံ ပညာရပ်တိုကို လေ့လာနေသော စာဖတ်သူများ အတွက် ယင်းပညာရပ်တိုနဲ့သက်ဆိုင်သော eResources များကို ပံ့ပိုးပေးလျက်ရှိသော စာကြည့်တိုက်များထဲတွင် ကံ့ကော်တောစာကြည့်တိုက်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကံ့ကော်တောစာကြည့်တိုက်မှာ ရရှိအသုံးပြုနိုင်သော eResources databases ပေါင်း( ၆၀ ) ကျော် ရှိပါတယ်… ဒီတစ်ပတ်သောကြာနေ့မှာ ကံ့ကော်တောရဲ့eResources Databases များထဲမှ HeinOnline Database အကြောင်းကို မျှဝေပေးမှာပါ။  -  HeinOnline မှာ ပါဝင်တဲ့ပညာရပ်များ၊  -  မိမိတိုဖတ်ရှုလိုသော အကြောင်းအချက်အလက်တိုကိုအချိန်တိုအတွင်း ရှာဖွေနိုင်မယ့် နည်းလမ်းများနှင့်… -  Update ဖြစ်ပြီး ခိုင်လုံတဲ့အချက်အလက်တွေကို HeinOnline မှာဘယ်လိုရှာဖွေရမယ် ဆိုတာတွေကို မျှဝေပေးမှာဖြစ်ပါတယ်… ဒါကြောင့် ခိုင်လုံတဲ့အချက်အလက်တွေကို ရှာဖွေချင်သောစာဖတ်သူများ၊ HeinOnline Database အကြောင်းသိရှိလိုသောသူများ၊ eResources တွေအကြောင်းသိရှိလေ့လာ လိုသောသူများ တက်ရောက်ကြဖို ဖိတ်ခေါ်ပါတယ်… အသေးစိတ်အချက်အလက်ကတော့… Topic: “How to use eResources: HeinOnline” When: Friday, 24 March 2023, 10:00 AM - 11: 00 AM (MMT) Where: Join Zoom Meeting https://us06web.zoom.us/j/88568705258?pwd=MnRmR0lkSjNVRFE1Z1pHb21rd0tNQT09 Meeting ID: 885 6870 5258 Passcode: 347351
1 year ago