IT Digital Safety Course Launching

IT Digital Safety Course Launching

IT Digital Safety Course Launching

1 month ago

မင်္ဂလာပါ...

ကံ့ကော်တောစာကြည့်တိုက်မှာ ကဏ္ဍအသစ်တစ်ခု ထပ်တိုးပံ့ပိုးထားပါပြီ !!!

ကဏ္ဍသစ်ကတော့ " အွန်လိုင်းသင်ခန်းစာ"ကဏ္ဍဖြစ်ပြီး သင်ခန်းစာ‌တွေကို မြန်မာဘာသာဖြင့် လေ့လာသင်ယူနိုင်မှာပါ။ အွန်လိုင်းသင်ခန်းစာများဖြစ်သည့်အတွက် အင်တာနက်ရရှိတဲ့ မည့်သည့်နေရာဒေသကနေမဆို မိမိနှစ်သက်တဲ့အချိန်(သို့) အားလပ်တဲ့အချိန်မှာ သင်ခန်းစာ တွေကို ဝင်ရောက်လေ့လာသင်ယူခွင့် ရရှိနိုင်မှာဖြစ်ပါတယ်။

“အွန်လိုင်းသင်ခန်းစာ” ကဏ္ဍသစ် မိတ်ဆက်ပွဲလေးကို လာမယ့်စက်တင်ဘာလ(၅)ရက်နေ့ မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတာ်။

ကံ့ကော်တောရဲ့ အွန်လိုင်းသင်ခန်းစာတွေကို...

- ဘယ်နေရာမှာ ရှာဖွေလေ့လာရမယ်?

- ဘယ်သူတွေ ဝင်ရောက်လေ့လာနိုင်မယ်?

- ဘယ်လိုမျိုး ရှာဖွေလေ့လာနိုင်မယ်?

… ဆိုတဲ့ အကြောင်းအရာတွေကို သိရှိနိုင်မှာ ဖြစ်တဲ့အပြင်၊ လတ်တလောမှာ လေ့လာနိုင်ပြီဖြစ်တဲ့ “ဒစ်ဂျစ်တယ်လုံခြုံရေးသင်ခန်းစာ”မှာ ပါဝင်တဲ့ အကြောင်းအရာတွေနဲ့ ဘယ်လိုတွေ ဝင်ရောက်လေ့လာနိုင်တယ်ဆိုတာကို မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကံ့ကော်တောရဲ့ ကဏ္ဍသစ်မိတ်ဆက်ပွဲလေးကို အောက်ပါအစီအစဉ်အတိုင်းတက်ရောက်ကြဖို့ အားလုံးကို ဖိတ်ပါတယ်ရှင့်…

Title: “IT Digital Safety Course Launching”

When: Thursday, September 5, 2:00 – 3:00 PM (MMT)

Where: Join Zoom Meeting

https://us06web.zoom.us/j/88146308576?pwd=5L4N6DuDj9gIkMU7hJxYgsbn1zDA32.1

Meeting ID: 881 4630 8576

Passcode: 604491

Other Announcement
Library Virtual Training
Library Virtual Training
မင်္ဂလာပါ… ကံ့ကော်တောစာကြည့်တိုက်မှ ကြိုဆိုပါတယ်… ကံ့ကော်တောမှ စာဖတ်သူတွေအတွက် လတစ်လရဲ့ ဒုတိယမြောက်သောကြာနေ့နှင့် နောက်ဆုံး သောကြာနေ့ တိုင်းမှာ သင်တန်းလေးတွေ မျှဝေသွားမယ့် အစီအစဉ်ရှိပါတယ်… ဒီတစ်ပတ်မှာ မိတ်ဆွေတို့အတွက် မှတ်တမ်းမှတ်ရာ အချက်အလက်တွေ စနစ်တကျ စီမံသိမ်းဆည်း နိုင်၊ မျှဝေနိုင်ရန်နှင့် သုတေသနများပြုလုပ်ရာတွင် ကိုးကားချက်များမှန်ကန်စနစ်ကျစွာ ဖော်ပြ နိုင်ရန် အတွက်အသုံးပြုနိုင်သော Zotero : research tool အသုံးပြုပုံကိုမျှဝေပေးမှာဖြစ်ပါတယ်။ ဒါကြောင်မို့ စိတ်ပါဝင်စားသူများအနေဖြင့် လာမည့်သောကြာနေ့ (၂၄- ၆- ၂၀၂၂) ရက်နေ့တွင် ‌အောက်ဖော်ပြပါ Zoom Link မှတစ်ဆင့် တက်ရောက်နိုင်ပါကြောင်း အသိပေးဖိတ်ကြားပါတယ်… ကျေးဇူးတင်ပါတယ်… Join Zoom Meeting https://us06web.zoom.us/j/84471543613?pwd=L3A1SnMyOU1hZExPT2FFRTBkeFlDUT09 Meeting ID: 844 7154 3613 Passcode: 872555
2 years ago
Kant Kaw Taw library explorers’ training
Kant Kaw Taw library explorers’ training
မင်္ဂလာပါ… ကံ့ကော်တောစာကြည့်တိုက်အနေဖြင့်စာဖတ်သူများအတွက် ဗဟုသုတရရှိစေရန်၊ အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ပြီး လစဉ်လတိုင်း  နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ ကျွမ်းကျင်သူများကို ဖိတ်ကြား ပြီး စာကြည့်တိုက်စကားဝိုင်းများ၊ သင်တန်းများ၊ ဉာဏ်စမ်းအစီအစဉ်များကို အခါအားလျော်စွာ စီစဉ်ပံ့ပိုးပေးလျက် ရှိပါတယ်။ ဒီတစ်ခေါက်မှာ “Kant Kaw Taw library explorers’ training” သင်တန်းကို စီစဉ်ထားပါတယ်။  ကံ့ကော်တောစာကြည့်တိုက်က ပံ့ပိုးပေးသော ပညာရပ်ဆိုင်ရာနှင့် ဗဟုသုတရဖွယ် စာပေပစ္စည်းများကို အကျိုးရှိရှိ အသုံးပြုရင်း ပညာရှာဖွေရာတွင်လည်းကောင်း၊ လုပ်ငန်းခွင်တွင် လည်းကောင်း  မိတ်ဆွေတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့အတွက် မရှိဖြစ်လိုအပ်တဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးမယ့် သင်တန်းတစ်ခုဖြစ်ပါတယ်။  -    Presentation Skill -    Book review ရေးနည်း၊ -    21st Century Skills (Communication, Critical Thinking, Creativity & Collaboration) စသည့် စသည့်  သင်ခန်းစာအကြောင်းအရာတွေ ပါဝင်ပါတယ်။  သင်တန်းကာလက ဧပြီ ၂၉ ရက် ၂၀၂၄ ခုနှစ် မှ မေလ ၃၁ရက် ၂၀၂၄ ခုနှစ်အတွင်း၊ အပတ်စဉ် တနင်္လာ မှ ကြာသာပတေး (တစ်ပတ် လေးရက်၊ တစ်ရက် နှစ်နာရီကြာ) တက်ရောက်ရမှာ ဖြစ်ပါ တယ်။ လူဦးရေကန့်သတ်ထားပါသောကြောင့် ရွေးချယ်ခံရသူများကို ဧပြီလ ၂၄ရက် ၂၀၂၄ ခုနှစ် တွင် email မှတစ်ဆင့် အကြောင်းကြားမည် ဖြစ်ကြောင်းကို လည်း အသိပေးအပ်ပါ သည်။ သင်တန်း၊ အချိန်နှင့် နေ့ရက် အသေးစိတ်ကို အောက်မှာလည်း ဖော်ပြပေးထားပါတယ်။ တက်ရောက်ရန်စိတ်ပါဝင်စားသူများအနေဖြင့် ပေးထားသော google form မှ တစ်ဆင့် လျှောက်ထားနိုင်ပါပြီ!!! Form:https://docs.google.com/forms/d/1NKdpWMD7a3k_IEmfrHAPJWI99iMQ4x6GE38P7uYiCTw/edit Deadline: 21 April 2024, 11:59 PM *** မိမိကြောင့် သူတစ်ပါးအခွင့်အရေး မနစ်နာစေရန် သင်တန်းကို အစမှ ပြီးဆုံးသည်ထိ သင်တန်းအချိန်ပြည့်တက်ရောက်နိုင်မှသာ လျှောက်ထားကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။                        Detail Information Title: “Kant Kaw Taw library explorers’ training” Trainer: Tr. Sweet Time: 5:30- 7:30 PM  Date: 29 April 2024 – 31 May 2024, (Every Monday to Thursday)  Where: Zoom Platform
6 months ago
“သန့်ရှင်းသောလေ၊ ကျန်းမာသော မြန်မာ- အမှိုက်မီးရှို့ခြင်း အန္တရာယ်ကိုနားလည်ခြင်း”
“သန့်ရှင်းသောလေ၊ ကျန်းမာသော မြန်မာ- အမှိုက်မီးရှို့ခြင်း အန္တရာယ်ကိုနားလည်ခြင်း”
မင်္ဂလာပါ... ယခုလို ဆောင်းလရာသီ ရွက်ဟောင်းကြွေချိန်မှာ  သစ်ရွက်မှိုက်များကို  မီးရှို့ရှင်းလင်းနေကြတာကို မိမိတိုဝန်းကျင်မှာတွေ့မြင်နေရပါတယ်... အဲ့လိုအမှိုက်တွေကို ရှင်းလင်းဖို့ မီးရှို့ဖျက်ဆီးခြင်းဟာအကောင်းဆုံးနည်းလမ်းလား? အမှိုက်မီးရှိခြင်းရဲ့နောက်ကွယ်မှာ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ဘယ်လို အန္တရာယ်တွေရှိနေနိုင်မလဲ? မိမိတိုနေထိုင်ရာ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်စေနိုင်သလဲ? စသည်...စသည်...မေးခွန်းတွေကို အဖြေရှာဖိုအတွက်နဲ့ လေထုညစ်ညမ်းမှုအကြောင်းမျှဝေနိုင်ရန်ရည်ရွယ်ပြီး 📣"သန့်ရှင်းသောလေ၊ ကျန်းမာသောမြန်မာ- အမှိုက်မီးရှို့ခြင်းအန္တရာယ်ကိုနားလည်ခြင်း" ဆိုတဲ့ခေါင်းစဉ်နဲ့ စာကြည့်တိုက်စကားဝိုင်းလေး စီစဉ်ထားပါတယ်... ကံကော်တော မိတ်ဆွေများ အားလုံးတက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။ ဒီပို့စ် ကို မိတ်ဆွေတိုရဲ့ဝန်းကျင်ကိုထပ်မံမျှဝေပေးပါဦးနော်... ကျေးဇူးတင်ပါတယ်... 📌 Detail information 📚 Topic: “သန့်ရှင်းသောလေ၊ ကျန်းမာသော မြန်မာ- အမှိုက်မီးရှို့ခြင်း အန္တရာယ်ကိုနားလည်ခြင်း”   📚 Speaker: Dr. Kaung Htet Swan, Founder & President of the Environment, Health and Safety Myanmar(EHS Myanmar) 📚 When: Saturday, 27 January 2024, 10 AM-11:30 PM(MMT) 📚 Where: Join Zoom Meeting https://us06web.zoom.us/j/87518150248?pwd=pzRvfcBiaqeOaGyMr9oyETYj2J04bA.1 Meeting ID: 875 1815 0248 Passcode: 656095
8 months ago
Library Talk
Library Talk
မိတ်ဆွေများအားလုံးမင်္ဂလာပါ… ဒီတစ်ပတ်သောကြာနေ့၊ စာကြည့်တိုက်စကားဝိုင်းမှာတော့ “Building Human Rights Culture through Education”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲလေးတစ်ခုစီစဉ် ထားပါတယ်။ ဖိတ်ကြားထားတဲ့ Guest Speaker တစ်ဦးက ဦးဆောင်ဆွေးနွေးမှာဖြစ်ပြီး လူ့အခွင့်အရေး နှင့်ဒီမိုကရေစီဆက်စပ်ပုံ၊ လူ့အခွင့်အရေးအခြေခံမူနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသည့်အလေ့အထကို ပညာရေးမှတဆင့် မည်ကဲ့သိုတည်ဆောက်နိုင်သည်ကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်… မိတ်ဆွေများစိတ်ပါဝင်စားပါကအောက်ဖော်ပြပါ zoom link မှတက်ရောက်ဆွေးနွေးနိုင်ပါကြောင်းအသိပေးဖိတ်ကြားအပ်ပါတယ်။   ” Library Talk” Topic:  “Building human rights culture through education” Where: Join Zoom Meeting https://us06web.zoom.us/j/83676312054?pwd=ZTlEcXB0OU5QS3UzcXVaZDVkTHpydz09 Meeting ID: 836 7631 2054 Passcode: 759287 When: Fri Aug 26, 2022 11am – 12pm (MMT)
2 years ago