Library Event

Library Event

Library Event

3 months ago

🔹🔶🔹 Generative AI🔹🔶🔹

မင်္ဂလာပါ

ကံ့ကော်တောက ပညာဗဟုသုတကို စဉ်ဆက်မပြတ် လေ့လာ ဆည်းပူး ရှာဖွေနေကြတဲ့ စာဖတ်သူတို့ကို ပံ့ပိုးပေးနိုင်ဖို့ အမြဲကြိုးစားနေပါတယ်…

စာဖတ်သူတို့ တောင်းဆိုထားတဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်တဲ့ #GenerativeAI အကြောင်း ဗဟုသုတ မျှဝေပေးမယ့် စကားဝိုင်းကို လာမယ့် ဇူလိုင်လ ၂၉ ရက်နေ့မှာ ကျင်းပပြုလုပ်ပေးမှာ ဖြစ်ပါတယ်…

ဒီစကားဝိုင်း မှာ

"...Development of Generative AI, Generative AI and Image generation, text generation, reading documents..."
 
စတဲ့ အကြောင်းအရာတွေကို မျှဝေပေးမှာ ဖြစ်ပါတယ်...

စိတ်ပါဝင်စားတဲ့ မိတ်ဆွေများတက်ရောက်ကြဖို့ ဖိတ်ပါတယ်…

အသေးစိတ်အစီအစဉ်ကို အောက်မှာ ဖော်ပြပေးထားပါတယ်…

📌📌📌စကားဝိုင်းကို တက်ရောက်ချင်ပေမယ့် အလုပ်များပြီး နေ့ရက်အချိန်ကို မေ့သွားတတ်တဲ့ မိတ်ဆွေတွေ အနေနဲ့

👉 Telegram Channel (https://t.me/kktlib ) ကို Join ထားလိုက်ပါနော်။

ပွဲ မစခင် နာရီဝက်အလိုနှင့် ၅ မိနစ်အလိုမှာ Telegram Channel ထဲမှာ message ပို့ ပြီး remind လုပ်ပေးပါမယ်။

Telegram Channel, https://t.me/kktlib  ကနေတစ်ဆင့် ကံ့ကော်တောရဲ့ သတင်းအချက်အလက်တွေကိုလဲ ရယူနိုင်ပါတယ်…

*Detail information*

🔖 Title: Emerging Technologies: Generative AI

🔖 When: July 29, 2024 1:30 PM - 3:00 PM (MMT)
 
🔖 Where: Join Zoom Meeting

https://us06web.zoom.us/j/86828726367?pwd=wJddSEcN9MaJ6U2ulWC4MXOwRjbk1O.1

Meeting ID: 868 2872 6367
Passcode: 119052

 

Other Announcement
Book Launching & Lucky Draw
Book Launching & Lucky Draw
Book Launching & Lucky Draw မင်္ဂလာပါ ကံ့ကော်တောကနေ ထုတ်ဝေတဲ့ စာအုပ်အသစ် မိတ်ဆက်နဲ့ Lucky Draw အစီအစဉ်လေး ဖြစ်ပါတယ်… သစ်မင်းအိမ် ဘာသာပြန်ထားတဲ့ “သုတေသနနည်းစနစ်၊ တက်သစ်စသုတေသီများအတွက် သုတေသနနည်းလမ်းများအား တဆင့်ချင်း လေ့လာမှုလမ်းညွန်”စာအုပ်ကို ကံကော်တောအွန်လိုင်းစာကြည့်တိုက်မှာ ဖတ်ရှုနိုင်ပါပြီ။ မူရင်းစာအုပ်က Sage Publication က ထုတ်ဝေတဲ့ Ranjit Kumar ရဲ့ Research Methodology: A Step- By- Step Guide for Beginners, 5th edition ပါ။ ဒီစာအုပ်က… "သုတေသနည်းလမ်းများကို ပထမဆုံးလေ့လာသင်ယူမယ့်သူများအတွက်၊ သုတေသန လုပ်ငန်းတွေ စတင်လုပ်ကိုင်မည့် သူများအတွက် ရည်ရွယ်တဲ့ သုတေသနလမ်းညွန်စာအုပ် ဖြစ်ပါတယ်။ ယခု ပဉ္စမအကြိမ်ထုတ်ဝေတဲ့ စာအုပ်ကတော့ ရှုပ်ထွေးပြီး နားလည်ရန်ခက်ခဲတဲ့ research concept တွေကိုတောင် ဆန်းသစ်တဲ့ အကြောင်းအရာ တင်ဆက်ပုံ၊ စာအုပ် အပြင်အဆင် နဲ့ လေ့လာမှု အထောက်အကူပြု ပစ္စည်းများကို အသုံးပြု ပြီး နားလည်လွယ်အောင် ရှင်းလင်း ရေးသားထားပါတယ်။ ဒါကြောင့် Social Science ဘာသာရပ်ကို လေ့လာနေတဲ့ ကျောင်းသူ ကျောင်းသား၊ တက်သစ်စ သုတေသီများအနေနဲ့ မိမိတို့ သုတေသနလုပ်ငန်းတွေမှာ အောင်မြင်မှုရရှိရန် အတွက် ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ပါ…" Lucky Draw စာအုပ်အသစ် မိတ်ဆက် အထိမ်းအမှတ်အနေနဲ့ Sage Publication က ပြုလုပ်ပေးတဲ့ Lucky Draw အစီအစဉ်လေးလည်း ပါဝင်ပါတယ်… ကံထူးသူ ၁၀ ဦးကို ရွေးချယ်ပြီး အောက်ဖော်ပြပါ eBook သုံးအုပ်ထဲမှ တစ်ဦးလျှင် တစ်အုပ် ကို ၃ လ အခမဲ့ အသုံးပြုခွင့် ရရှိမှာပါ။  အစီအစဉ်မှာ ပါဝင်ဖို့အတွက် ပေးထားတဲ့ google form ကို  ဇွန်လ ၁၇ ရက်နေ့၊ ညနေ ၅ နာရီ နောက်ဆုံးထားဖြည့်ပေးဖို့လိုအပ်ပြီး ကံထူးသူ ၁၀ ဦးကို ဇွန်လ ၁၈ ရက်နေ့တွင် email မှ တစ်ဆင့် အကြောင်းကြား ပေးမှာဖြစ်ပါတယ်။ Deadline: 17 June 2024, 5 PM Lucky Draw Form Link Here: https://forms.gle/YJjiuohRQ7M9kG79A   ကံစမ်းမဲဖောက်ပေးမည့်စာအုပ်များ (1) Analyzing texts and discourse (2nd Edition) https://us.sagepub.com/en-us/nam/analyzing-text-and-discourse/book279646#contents (2) Action Research (7th Edition) https://us.sagepub.com/en-us/nam/action-research/book275393#contents   (3) Researching Digital Media and Society https://us.sagepub.com/en-us/nam/researching-digital-media-and-society/book281848#description    
4 months ago
Pride Month Celebration
Pride Month Celebration
Happy Pride Month!!! ကံ့ကော်တောကနေ “Pride Month” အထိမ်းအမှတ်အနေနဲ့ ပွဲလေးတစ်ခုကျင်းပဖို့ရှိပါတယ်။ ဒီပွဲလေးကနေတစ်ဆင့် လူသားများထဲက လူသားတွေဖြစ်တဲ့ LGBTIQ+ တွေအကြောင်း သိရှိနားလည်ရင်း ပိုမိုလှပသော အနာဂတ်လောကကို အတူတကွ တည်ဆောက်ကြဖို့ အတွက် အားလုံးပါဝင်တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်… ပွဲလေးမှာ ပါဝင် ဆွေးနွေးမယ့် သူ ကတော့ … “ကျနော့်နာမည်က ဖြိုးသစ်လူ ဖြစ်ပါတယ်။ ကျနော်က လွန်ခဲ့သော ၂၀၀၈ ခုနှစ်မှ စတင်ပြီးတော့ လက်ရှိအချိန်အထိ လူ့အခွင့်အရေး၊ Gender Equality and Inclusive, LGBTIQ အရေးများနဲ့ပတ်သက်ပြီးတော့ သတင်းမီဒီယာဌာန၊ ပညာပေး လုပ်ငန်းစဉ်များ၊ စည်းရုံးလှုံ့ဆော်ခြင်းလုပ်ငန်းစဉ်များ ကို မြန်မာပြည်တွင်းနှင့် နိုင်ငံတကာတွင် သင်ယူရင်း လက်တွေ့ အသုံးချ လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။ ကျနော့်ဝါသနာအရ လည်း ပညာပေးလုပ်ငန်းများကို စိတ်ပါဝင်စားသူတယောက် ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနှံရှိ မြိုရွာများ၊ LGBTIQ အဖွဲအစည်းများ၊ တခြားသော အရပ်ဖက်အဖွဲများနှင့် ပူးပေါင်း ပြီးတော့ ထိုကိစ္စရပ်များကို ဦးစားပေးလုပ်ဆောင်လာခဲ့တာ ယနေ့ အချိန်ထိ ဖြစ်ပါတယ်။”  အောက်ပါအစီအစဉ်အတိုင်း တက်ရောက်နိုင်ပါရန် ထပ်မံဖိတ်ကြားအပ်ပါတယ်ရှင်...   Detail information Topic: “Pride Month Celebration Special Talk” Speaker: Phyo Thit Luu When: Jun 13, 2024 1:00 PM - 3:00 PM Asia – Yangon Where: Join Zoom Meeting https://us06web.zoom.us/j/89062897813?pwd=ADxcu5ac2qDnwYN1qtRZwTPOqjjihX.1 Meeting ID: 890 6289 7813 Passcode: 791645      
4 months ago
Zotero Referencing Tool
Zotero Referencing Tool
မင်္ဂလာပါ… လာမယ့် မေလ ၂၄ ရက် သောကြာနေ့မှာ “Zotero Referencing Tool” training လေးရှိပါတယ်။ Zotero tool က အသုံးပြုရတာ လွယ်ကူတဲ့ Open access Reference Management tool ဖြစ်ပါတယ်။ Zotero ကို အသုံးပြုပြီး စာဖတ်သူတို့ရဲ့ သုတေသန သို့ Assignment မှာအသုံးပြုမယ့် အချက်အလက်စာရွက် စာတမ်းများကို ✔️  စုဆောင်းခြင်း (collect)၊ ✔️ စုစည်းခြင်း(organize) ၊ ✔️ ကိုးကားခြင်း(cite)နှင့် ✔️ အချင်းချင်း အချက်အလက် မျှဝေခြင်း(share) ‌‌ တွေဘယ်လိုပြုလုပ်နိုင်မယ်ဆိုတာကို မျှဝေပေးမှာ ဖြစ်ပါတယ်။ Zotero Tool ကို သုတေသနပြုလုပ်နေသူတွေ သာမက အွန်လိုင်းပေါ်မှ မိမိဖတ်ရှုလိုသော အချက်အလက်များကို စနစ်တကျ သိမ်းဆည်းထားလိုသူများလည်း အသုံးပြုနိုင်ပါတယ်။ စိတ်ပါဝင်စားတဲ့သူများ အားလုံးကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်…   Detail information   ****** 🗃️ Topic: “Zotero Referencing Tool” ⏰ Time: May 24, 2024, 07:00 - 8: 00 PM Rangoon 🏫 Where:  Join Zoom Meeting https://us06web.zoom.us/j/87157577189?pwd=MJYHDhIgZPQP8a7Oq51YbZ4QbMqVML.1 Meeting ID: 871 5757 7189 Passcode: 483281  
5 months ago
How to find and apply for the scholarships?
How to find and apply for the scholarships?
""မင်္ဂလာညချမ်းပါ..."" ကံ့ကော်တောစာကြည့်တိုက်ကနေ စိတ်ဝင်စားဖွယ် စာကြည့်တိုက်စကားဝိုင်းလေးတွေကို တစ်လလျှင် အနည်းဆုံးတစ်ကြိမ်ပြုလုပ်တင်ဆက်ပေးခဲ့ပါတယ်... ယခုလမှာတော့ ပညာသင်ဆုလျှောက်ထား ရယူပြီး နိုင်ငံရပ်ခြားမှာ ပညာသွားရောက်သင်ကြားလိုကြသောသူများအတွက် ရည်ရွယ်ပြီး🪄 ""How to find and apply for the scholarships?""ဆိုတဲ့ခေါင်းစဉ်နဲ့ စာကြည့်တိုက်စကားဝိုင်းလေးစီစဉ်ထားပါတယ်… ဒီစကားဝိုင်းမှာ ဆွေးနွေးမှာတွေကတော့ … 🔸 Type of Scholarships 🔹 How to find scholarship information? 🔸 Applying for scholarships 🔹 How to create your CV? စသည့် အကြောင်းအရာများ ဖြစ်ပါတယ်… ဒါကြောင့် ပညာသင်ဆု(#scholarships)လျှောက် ထားလိုသော လူကြီးလူရွယ်လူငယ်များနှင့် မိမိရဲ့သားသမီး၊ ညီ၊ ညီမငယ် တိုကို scholarship လျှောက်ထားစေချင်သော  မိဘ၊ အစ်ကို၊ အစ်မများကို ပါဝင်တက်ရောက် ဆွေးနွေးကြဖို ဖိတ်ခေါ်ပါတယ်… 📚 Library Talk       **** 📍  Title:  "How to find and apply for the scholarships?" 📍  When:  Friday, December 23, 2022, 9 AM to 10:30 AM (MMT) 📍  Where: Join Zoom Meeting https://us06web.zoom.us/j/86447140081?pwd=SVRhc29YN1k1LytSMmJoODdmZjA3QT09 Meeting ID: 864 4714 0081 Passcode: 646000
1 year ago