Pride Month Celebration

Pride Month Celebration

Pride Month Celebration

4 months ago

Happy Pride Month!!!

ကံ့ကော်တောကနေ “Pride Month” အထိမ်းအမှတ်အနေနဲ့ ပွဲလေးတစ်ခုကျင်းပဖို့ရှိပါတယ်။ ဒီပွဲလေးကနေတစ်ဆင့် လူသားများထဲက လူသားတွေဖြစ်တဲ့ LGBTIQ+ တွေအကြောင်း သိရှိနားလည်ရင်း ပိုမိုလှပသော အနာဂတ်လောကကို အတူတကွ တည်ဆောက်ကြဖို့ အတွက် အားလုံးပါဝင်တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်…

ပွဲလေးမှာ ပါဝင် ဆွေးနွေးမယ့် သူ ကတော့ …

“ကျနော့်နာမည်က ဖြိုးသစ်လူ ဖြစ်ပါတယ်။ ကျနော်က လွန်ခဲ့သော ၂၀၀၈ ခုနှစ်မှ စတင်ပြီးတော့ လက်ရှိအချိန်အထိ လူ့အခွင့်အရေး၊ Gender Equality and Inclusive, LGBTIQ အရေးများနဲ့ပတ်သက်ပြီးတော့ သတင်းမီဒီယာဌာန၊ ပညာပေး လုပ်ငန်းစဉ်များ၊ စည်းရုံးလှုံ့ဆော်ခြင်းလုပ်ငန်းစဉ်များ ကို မြန်မာပြည်တွင်းနှင့် နိုင်ငံတကာတွင် သင်ယူရင်း လက်တွေ့ အသုံးချ လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။ ကျနော့်ဝါသနာအရ လည်း ပညာပေးလုပ်ငန်းများကို စိတ်ပါဝင်စားသူတယောက် ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနှံရှိ မြိုရွာများ၊ LGBTIQ အဖွဲအစည်းများ၊ တခြားသော အရပ်ဖက်အဖွဲများနှင့် ပူးပေါင်း ပြီးတော့ ထိုကိစ္စရပ်များကို ဦးစားပေးလုပ်ဆောင်လာခဲ့တာ ယနေ့ အချိန်ထိ ဖြစ်ပါတယ်။”

 အောက်ပါအစီအစဉ်အတိုင်း တက်ရောက်နိုင်ပါရန် ထပ်မံဖိတ်ကြားအပ်ပါတယ်ရှင်...

 

Detail information

  • Topic: “Pride Month Celebration Special Talk”
  • Speaker: Phyo Thit Luu
  • When: Jun 13, 2024 1:00 PM - 3:00 PM Asia – Yangon
  • Where: Join Zoom Meeting

https://us06web.zoom.us/j/89062897813?pwd=ADxcu5ac2qDnwYN1qtRZwTPOqjjihX.1

Meeting ID: 890 6289 7813
Passcode: 791645

 

 

 

Other Announcement
“Mental Health and Psychosocial Support”
“Mental Health and Psychosocial Support”
🌟 စာကြည့်တိုက်စကားဝိုင်း 🌟 မင်္ဂလာပါ  ကံ့ကော်တော ကနေ ယခုတစ်ပတ် သောကြာနေ့ (၂၁-၁၀-၂၀၂၂) မှာ “Mental Health and Psychosocial Support” ဆိုတဲ့ခေါင်းစဉ်လေး နဲ့ စာကြည့်တိုက်စကားဝိုင်းလေးတစ်ခု စီစဉ်ထားပါတယ်။ Mental Health ပညာရပ်နယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးက ဦးဆောင် ဆွေးနွေးသွားမှာဖြစ်ပြီး အမျိုးမျိုးသော အကြောင်းအရာတွေကြောင့် စိတ်ပင်ပန်းနေကြရတဲ့ ယနေ့ ခေတ်ကာလမှာ မိတ်ဆွေတို့တွေအနေနဲ့ ဒီစကားဝိုင်းလေးတွင် ပါဝင်ဆွေးနွေးတိုင်ပင် ကြရင်း စိတ်သက်သာရာရ‌သွားကြနိုင်ဖို့မျှော်လင့်ပါတယ်…ရည်ရွယ်ပါတယ်… ဒါကြောင့်မို့လို့ ဆွေးနွေးပွဲစကားဝိုင်းကို မပျက်မကွက် တက်ရောက်ကြဖို့ဖိတ်ခေါ်ပါတယ်… "Library Talk"      🔸Topic: “Mental Health and Psychosocial Support” 🔸Time: Oct 21, 2022 10:00 AM to 12:00 PM ( Myanmar Time ) 🔸Join Zoom Meeting https://us06web.zoom.us/j/83362101131?pwd=UmhrbFU4WXdXY0ZORmY4cTBOSFh5UT09
2 years ago
Food Security in Disaster and Emergency
Food Security in Disaster and Emergency
ယခုလရဲ့ စာကြည့်တိုက်စကားဝိုင်းမှာ မျှဝေမယ့်အကြောင်းအရာက စားနပ်ရိက္ခာနဲ့ပတ်သက်တဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်နဲ့ အရေးပေါ်အခြေအနေမှာ စားနပ်ရိက္ခာ ဖူလုံမှုအတွက် ဘာတွေလုပ်ရမလဲ၊ ဘယ်လိုတွေလုပ်ရမလဲစသည့် အရေးကြီး သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို မျှဝေပေးမှာ ဖြစ်ပါတယ်။ ဗဟုသုတတွေ မျှဝေပေးမယ့် သူကတော့ ဆရာမ ဒေါက်တာ ဥမ္မာခိုင် ဖြစ်ပါတယ်။ ဆရာမက စားနပ်ရိက္ခာ ဖူလုံရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ ရာသီဥတုဒဏ်ခံနိုင်မှုနှင့် ရာသီဥတုမျှတမှု နှင့်၊ ဇီဝမျိုးစုံမျိုးကွဲ-အကျိုး ပြုသော အစားအစာစနစ် စတဲ့နယ်ပယ်တွေမှာ ပါဝင်လုပ်ကိုင်နေသူဖြစ်ပြီး လုပ်ငန်းအတွေ့ကြုံ ၂၈ နှစ်ကျော်ရှိပြီဖြစ်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦးပါ။ ၂၀၁၇ ခုနှစ်ကတည်းက Asian Climate Consortium (ACCC)ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။ လက်ရှိမှာလည်း ASEAN Center for Biodiversity မှာ လုပ်ကိုင်လျက်ရှိပါတယ်။ သဘာဝဘေးဒဏ်ခံစားနေရတဲ့ လက်ရှိအခြေအနေမှာ သိရှိနားလည်းထားရန် အထူးလိုအပ်နေတဲ့ စားနပ်ရိက္ခာဖူလုံရေးအကြောင်းအရာကို ဆရာမလိုပညာရှင်တစ်ဦးက မျှဝေပေးမှာဖြစ်လို့ တက်ရောက်ကြပါလို့ တိုက်တွန်းပါရစေ။ အသေးစိတ်အချက်အလက်ကတော့… Topic: “Food Security in Disaster and Emergency” Speaker: ဒေါက်တာ ဥမ္မာခိုင် When: Sep 23, 2024 4:00 PM - 5:30 PM Asia – Yangon Where: Join Zoom Meeting https://us06web.zoom.us/j/83858817970?pwd=jSrgG2lcPvBnwdDLXEqKq8jkGlMgs8.1 Meeting ID: 838 5881 7970 Passcode: 919255 ကံ့ကော်တောရဲ့သတင်းအချက်လက်တွေကို အောက်ဖော်ပြပါဆိုရှယ်မီဒီယာများမှလည်းရယူနိုင်ပါတယ်။ Telegram: (https://t.me/kktlib) Facebook: @Kant Kaw Taw
1 month ago
Zotero Referencing Tool
Zotero Referencing Tool
မင်္ဂလာပါ… လာမယ့် မေလ ၂၄ ရက် သောကြာနေ့မှာ “Zotero Referencing Tool” training လေးရှိပါတယ်။ Zotero tool က အသုံးပြုရတာ လွယ်ကူတဲ့ Open access Reference Management tool ဖြစ်ပါတယ်။ Zotero ကို အသုံးပြုပြီး စာဖတ်သူတို့ရဲ့ သုတေသန သို့ Assignment မှာအသုံးပြုမယ့် အချက်အလက်စာရွက် စာတမ်းများကို ✔️  စုဆောင်းခြင်း (collect)၊ ✔️ စုစည်းခြင်း(organize) ၊ ✔️ ကိုးကားခြင်း(cite)နှင့် ✔️ အချင်းချင်း အချက်အလက် မျှဝေခြင်း(share) ‌‌ တွေဘယ်လိုပြုလုပ်နိုင်မယ်ဆိုတာကို မျှဝေပေးမှာ ဖြစ်ပါတယ်။ Zotero Tool ကို သုတေသနပြုလုပ်နေသူတွေ သာမက အွန်လိုင်းပေါ်မှ မိမိဖတ်ရှုလိုသော အချက်အလက်များကို စနစ်တကျ သိမ်းဆည်းထားလိုသူများလည်း အသုံးပြုနိုင်ပါတယ်။ စိတ်ပါဝင်စားတဲ့သူများ အားလုံးကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်…   Detail information   ****** 🗃️ Topic: “Zotero Referencing Tool” ⏰ Time: May 24, 2024, 07:00 - 8: 00 PM Rangoon 🏫 Where:  Join Zoom Meeting https://us06web.zoom.us/j/87157577189?pwd=MJYHDhIgZPQP8a7Oq51YbZ4QbMqVML.1 Meeting ID: 871 5757 7189 Passcode: 483281  
5 months ago
University of Oxford Overview
University of Oxford Overview
မင်္ဂလာပါ 😊 ကံ့ကော်တောစာကြည့်တိုက်ရဲ့စာကြည့်တိုက်စကားဝိုင်းအစီအစဉ်ကိုစောင့်မျှော်နေကြသူများအတွက်လာမယ့်သောကြာနေ့မှာ""University of Oxford Overview""ဆိုတဲ့ခေါင်းစဉ်နဲ့ စကားဝိုင်းတင်ဆက်ပေးမှာဖြစ်ပါတယ်... မျှဝေပေးမယ့်ပုဂ္ဂိုလ်က the Bodleian Library, University of Oxford က အငြိမ်းစားစာကြည့်တိုက်မှူး Ruth Bird ဖြစ်ပြီး 🔸 အောက်စဖိုဒ့်တက္ကသိုလ်ရဲ့အကြောင်း၊ 🔸 အောက်စဖိုဒ်တက္ကသိုလ် ကျောင်းသားတွေရဲ့       နေ့စဉ်ဘဝ၊ 🔸 ဥပဒေသင်ရိုးများကြောင်းနှင့်   🔸 စာကြည့်တိုက်ရဲ့အခန်းကဏ္ဍ စသည်ဖြင့် အောက်စဖိုဒ်တက္ကသိုလ်အကြောင်းကို စုံလင်စွာမျှဝေပေးမှာ ဖြစ်ပါ တယ်… ဒါကြောင့်မိတ်ဆွေတိုအနေနဲ့ ပြည်ပတက္ကသိုလ်တစ်ခုအကြောင်း (သို)အောက်စဖိုဒ်တက္ကသိုလ်ကို အကြောင်းလေ့လာချင်တယ်၊ အောက်စဖိုဒ် တက္ကသိုလ်ရဲ့အခင်းအကျင်း၊ ကျောင်းသားဘဝ၊ သင်ကြားမှုပုံစံတွေကို လေ့လာချင်တယ်စိတ်ဝင်စား တယ်ဆိုရင် တက်ရောက်သင့်တဲ့စကားဝိုင်းလေးပါ။ တက်ရောက်ကြဖိုဖိတ်ခေါ်ပါတယ်… ""Library Talk"" Topic: "University of Oxford Overview" Guest Speaker: Ruth Bird When: Friday Sep 23, 2022. 1pm- 2pm Where: Join Zoom Meeting https://us06web.zoom.us/j/87289635042?pwd=bEQ3RElpY3VORGd1c3MydHYrc0YrZz09 Meeting ID: 872 8963 5042 Passcode: 264212
2 years ago