Zotero Referencing Tool

Zotero Referencing Tool

Zotero Referencing Tool

6 months ago

မင်္ဂလာပါ…

လာမယ့် မေလ ၂၄ ရက် သောကြာနေ့မှာ “Zotero Referencing Tool” training လေးရှိပါတယ်။

Zotero tool က အသုံးပြုရတာ လွယ်ကူတဲ့ Open access Reference Management tool ဖြစ်ပါတယ်။

Zotero ကို အသုံးပြုပြီး စာဖတ်သူတို့ရဲ့ သုတေသန သို့ Assignment မှာအသုံးပြုမယ့် အချက်အလက်စာရွက် စာတမ်းများကို

✔️  စုဆောင်းခြင်း (collect)၊
✔️ စုစည်းခြင်း(organize) ၊
✔️ ကိုးကားခြင်း(cite)နှင့်
✔️ အချင်းချင်း အချက်အလက် မျှဝေခြင်း(share) ‌‌ တွေဘယ်လိုပြုလုပ်နိုင်မယ်ဆိုတာကို မျှဝေပေးမှာ ဖြစ်ပါတယ်။

Zotero Tool ကို သုတေသနပြုလုပ်နေသူတွေ သာမက အွန်လိုင်းပေါ်မှ မိမိဖတ်ရှုလိုသော အချက်အလက်များကို စနစ်တကျ သိမ်းဆည်းထားလိုသူများလည်း အသုံးပြုနိုင်ပါတယ်။

စိတ်ပါဝင်စားတဲ့သူများ အားလုံးကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်…

  Detail information
  ******

🗃️ Topic: “Zotero Referencing Tool”

⏰ Time: May 24, 2024, 07:00 - 8: 00 PM Rangoon

🏫 Where:  Join Zoom Meeting

https://us06web.zoom.us/j/87157577189?pwd=MJYHDhIgZPQP8a7Oq51YbZ4QbMqVML.1

Meeting ID: 871 5757 7189
Passcode: 483281

 

Other Announcement
Kant Kaw Taw library explorers’ training
Kant Kaw Taw library explorers’ training
မင်္ဂလာပါ… ကံ့ကော်တောစာကြည့်တိုက်အနေဖြင့်စာဖတ်သူများအတွက် ဗဟုသုတရရှိစေရန်၊ အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ပြီး လစဉ်လတိုင်း  နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ ကျွမ်းကျင်သူများကို ဖိတ်ကြား ပြီး စာကြည့်တိုက်စကားဝိုင်းများ၊ သင်တန်းများ၊ ဉာဏ်စမ်းအစီအစဉ်များကို အခါအားလျော်စွာ စီစဉ်ပံ့ပိုးပေးလျက် ရှိပါတယ်။ ဒီတစ်ခေါက်မှာ “Kant Kaw Taw library explorers’ training” သင်တန်းကို စီစဉ်ထားပါတယ်။  ကံ့ကော်တောစာကြည့်တိုက်က ပံ့ပိုးပေးသော ပညာရပ်ဆိုင်ရာနှင့် ဗဟုသုတရဖွယ် စာပေပစ္စည်းများကို အကျိုးရှိရှိ အသုံးပြုရင်း ပညာရှာဖွေရာတွင်လည်းကောင်း၊ လုပ်ငန်းခွင်တွင် လည်းကောင်း  မိတ်ဆွေတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့အတွက် မရှိဖြစ်လိုအပ်တဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးမယ့် သင်တန်းတစ်ခုဖြစ်ပါတယ်။  -    Presentation Skill -    Book review ရေးနည်း၊ -    21st Century Skills (Communication, Critical Thinking, Creativity & Collaboration) စသည့် စသည့်  သင်ခန်းစာအကြောင်းအရာတွေ ပါဝင်ပါတယ်။  သင်တန်းကာလက ဧပြီ ၂၉ ရက် ၂၀၂၄ ခုနှစ် မှ မေလ ၃၁ရက် ၂၀၂၄ ခုနှစ်အတွင်း၊ အပတ်စဉ် တနင်္လာ မှ ကြာသာပတေး (တစ်ပတ် လေးရက်၊ တစ်ရက် နှစ်နာရီကြာ) တက်ရောက်ရမှာ ဖြစ်ပါ တယ်။ လူဦးရေကန့်သတ်ထားပါသောကြောင့် ရွေးချယ်ခံရသူများကို ဧပြီလ ၂၄ရက် ၂၀၂၄ ခုနှစ် တွင် email မှတစ်ဆင့် အကြောင်းကြားမည် ဖြစ်ကြောင်းကို လည်း အသိပေးအပ်ပါ သည်။ သင်တန်း၊ အချိန်နှင့် နေ့ရက် အသေးစိတ်ကို အောက်မှာလည်း ဖော်ပြပေးထားပါတယ်။ တက်ရောက်ရန်စိတ်ပါဝင်စားသူများအနေဖြင့် ပေးထားသော google form မှ တစ်ဆင့် လျှောက်ထားနိုင်ပါပြီ!!! Form:https://docs.google.com/forms/d/1NKdpWMD7a3k_IEmfrHAPJWI99iMQ4x6GE38P7uYiCTw/edit Deadline: 21 April 2024, 11:59 PM *** မိမိကြောင့် သူတစ်ပါးအခွင့်အရေး မနစ်နာစေရန် သင်တန်းကို အစမှ ပြီးဆုံးသည်ထိ သင်တန်းအချိန်ပြည့်တက်ရောက်နိုင်မှသာ လျှောက်ထားကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။                        Detail Information Title: “Kant Kaw Taw library explorers’ training” Trainer: Tr. Sweet Time: 5:30- 7:30 PM  Date: 29 April 2024 – 31 May 2024, (Every Monday to Thursday)  Where: Zoom Platform
7 months ago
Book Launching & Lucky Draw
Book Launching & Lucky Draw
Book Launching & Lucky Draw မင်္ဂလာပါ ကံ့ကော်တောကနေ ထုတ်ဝေတဲ့ စာအုပ်အသစ် မိတ်ဆက်နဲ့ Lucky Draw အစီအစဉ်လေး ဖြစ်ပါတယ်… သစ်မင်းအိမ် ဘာသာပြန်ထားတဲ့ “သုတေသနနည်းစနစ်၊ တက်သစ်စသုတေသီများအတွက် သုတေသနနည်းလမ်းများအား တဆင့်ချင်း လေ့လာမှုလမ်းညွန်”စာအုပ်ကို ကံကော်တောအွန်လိုင်းစာကြည့်တိုက်မှာ ဖတ်ရှုနိုင်ပါပြီ။ မူရင်းစာအုပ်က Sage Publication က ထုတ်ဝေတဲ့ Ranjit Kumar ရဲ့ Research Methodology: A Step- By- Step Guide for Beginners, 5th edition ပါ။ ဒီစာအုပ်က… "သုတေသနည်းလမ်းများကို ပထမဆုံးလေ့လာသင်ယူမယ့်သူများအတွက်၊ သုတေသန လုပ်ငန်းတွေ စတင်လုပ်ကိုင်မည့် သူများအတွက် ရည်ရွယ်တဲ့ သုတေသနလမ်းညွန်စာအုပ် ဖြစ်ပါတယ်။ ယခု ပဉ္စမအကြိမ်ထုတ်ဝေတဲ့ စာအုပ်ကတော့ ရှုပ်ထွေးပြီး နားလည်ရန်ခက်ခဲတဲ့ research concept တွေကိုတောင် ဆန်းသစ်တဲ့ အကြောင်းအရာ တင်ဆက်ပုံ၊ စာအုပ် အပြင်အဆင် နဲ့ လေ့လာမှု အထောက်အကူပြု ပစ္စည်းများကို အသုံးပြု ပြီး နားလည်လွယ်အောင် ရှင်းလင်း ရေးသားထားပါတယ်။ ဒါကြောင့် Social Science ဘာသာရပ်ကို လေ့လာနေတဲ့ ကျောင်းသူ ကျောင်းသား၊ တက်သစ်စ သုတေသီများအနေနဲ့ မိမိတို့ သုတေသနလုပ်ငန်းတွေမှာ အောင်မြင်မှုရရှိရန် အတွက် ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ပါ…" Lucky Draw စာအုပ်အသစ် မိတ်ဆက် အထိမ်းအမှတ်အနေနဲ့ Sage Publication က ပြုလုပ်ပေးတဲ့ Lucky Draw အစီအစဉ်လေးလည်း ပါဝင်ပါတယ်… ကံထူးသူ ၁၀ ဦးကို ရွေးချယ်ပြီး အောက်ဖော်ပြပါ eBook သုံးအုပ်ထဲမှ တစ်ဦးလျှင် တစ်အုပ် ကို ၃ လ အခမဲ့ အသုံးပြုခွင့် ရရှိမှာပါ။  အစီအစဉ်မှာ ပါဝင်ဖို့အတွက် ပေးထားတဲ့ google form ကို  ဇွန်လ ၁၇ ရက်နေ့၊ ညနေ ၅ နာရီ နောက်ဆုံးထားဖြည့်ပေးဖို့လိုအပ်ပြီး ကံထူးသူ ၁၀ ဦးကို ဇွန်လ ၁၈ ရက်နေ့တွင် email မှ တစ်ဆင့် အကြောင်းကြား ပေးမှာဖြစ်ပါတယ်။ Deadline: 17 June 2024, 5 PM Lucky Draw Form Link Here: https://forms.gle/YJjiuohRQ7M9kG79A   ကံစမ်းမဲဖောက်ပေးမည့်စာအုပ်များ (1) Analyzing texts and discourse (2nd Edition) https://us.sagepub.com/en-us/nam/analyzing-text-and-discourse/book279646#contents (2) Action Research (7th Edition) https://us.sagepub.com/en-us/nam/action-research/book275393#contents   (3) Researching Digital Media and Society https://us.sagepub.com/en-us/nam/researching-digital-media-and-society/book281848#description    
5 months ago
Library Talk
Library Talk
မင်္ဂလာပါ… ကံ့ကော်တောစာကြည့်တိုက်ရဲ့  activitiesတွေကို စောင့်မျှော်နေသူများအတွက် ဒီတစ်ပတ်သောကြာနေ့မှာတော့ Library Talk (Virtual) လေးတစ်ခုစီစဉ်ထားပါတယ်။ ဒီပွဲလေးရဲ့ခေါင်းစဉ်ကတော့ Community, Personal Autonomy and Rational Revisability ဆိုတဲ့ ခေါင်းစဉ်လေးဖြစ်ပြီး ဟောပြောမယ့်ပုဂ္ဂိုလ်ကတော့ ဆရာမြတ်ကို  ဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်ကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်။ မိတ်ဆွေများ အားလုံးအတူတူ တက်ရောက်နိုင်ရန် ဖိတ်ကြားအပ်ပါတယ်… ကျေးဇူးတင်ပါတယ်…   “LIBRARY TALK” Topic:                          Community, Personal Autonomy and Rational Revisability Guest speaker:            Sayar Myat Ko Where:                         Zoom Meeting https://us06web.zoom.us/j/83035620632?pwd=bjZ2anlMblZoNUhPeFBRR0pTekRTUT09 Meeting ID: 830 3562 0632 Passcode: 453135   When:                          Friday, July 29, 2022 (10 to 11 AM)
2 years ago
Library Training
Library Training
မင်္ဂလာပါ… ကံ့ကော်တောစာကြည့်တိုက်မှ ဒီတစ်ပတ်သောကြာနေ့မှာ “Open Access Databases: Smart Searching” ဆိုတဲ့ virtual training လေးကို မျှဝေပေးမှာ ဖြစ်ပါတယ်… ဒီမျှဝေမှုမှတစ်ဆင့် DOAJ, OAPEN နှင့် DOAB ဆိုတဲ့ Open access database တွေအကြောင်း၊ ခိုင်လုံမှုနှင့် ၎င်း databases တို့ရဲ့ များပြားလှတဲ့ အချက်အလက်တွေထဲကမှ မိမိရှာဖွေလိုတဲ့ အကြောင်းအရာကို အချိန်တိုအတွင်း ထိရောက် မြန်ဆန်စွာ ရှာဖွေနို­င်မည့် နည်းလမ်းများကို သိရှိ၊ ရရှိနိုင်မှာ ဖြစ်ပါတယ်… အခမဲ့သင်တန်းလေးကို စိတ်ပါဝင်စားပါက တက်ရောက်နိုင်ပါကြောင်း ဖိတ်ကြားပါတယ်။ အသေးစိတ်အချက်အလက်ကို အောက်မှာ ဖော်ပြ ပေးထားပါတယ်… "Library Training" Title   :         “Open Access Databases: Smart Searching” When :         Friday Aug 12, 2022 ⋅ 11 am – 12 pm (Myanmar Time) Where:         Join Zoom Meeting https://us06web.zoom.us/j/85379130597?pwd=U3ZPMUtKUjA5YXovd2ZVVGpaMDRiUT09 Meeting ID: 853 7913 0597 Passcode: 961331
2 years ago