Book Launching & Lucky Draw

Book Launching & Lucky Draw

Book Launching & Lucky Draw

4 months ago

Book Launching & Lucky Draw

မင်္ဂလာပါ

ကံ့ကော်တောကနေ ထုတ်ဝေတဲ့ စာအုပ်အသစ် မိတ်ဆက်နဲ့ Lucky Draw အစီအစဉ်လေး ဖြစ်ပါတယ်…

သစ်မင်းအိမ် ဘာသာပြန်ထားတဲ့ “သုတေသနနည်းစနစ်၊ တက်သစ်စသုတေသီများအတွက် သုတေသနနည်းလမ်းများအား တဆင့်ချင်း လေ့လာမှုလမ်းညွန်”စာအုပ်ကို ကံကော်တောအွန်လိုင်းစာကြည့်တိုက်မှာ ဖတ်ရှုနိုင်ပါပြီ။

မူရင်းစာအုပ်က Sage Publication က ထုတ်ဝေတဲ့ Ranjit Kumar ရဲ့ Research Methodology: A Step- By- Step Guide for Beginners, 5th edition ပါ။

ဒီစာအုပ်က…

"သုတေသနည်းလမ်းများကို ပထမဆုံးလေ့လာသင်ယူမယ့်သူများအတွက်၊ သုတေသန လုပ်ငန်းတွေ စတင်လုပ်ကိုင်မည့် သူများအတွက် ရည်ရွယ်တဲ့ သုတေသနလမ်းညွန်စာအုပ် ဖြစ်ပါတယ်။ ယခု ပဉ္စမအကြိမ်ထုတ်ဝေတဲ့ စာအုပ်ကတော့ ရှုပ်ထွေးပြီး နားလည်ရန်ခက်ခဲတဲ့ research concept တွေကိုတောင် ဆန်းသစ်တဲ့ အကြောင်းအရာ တင်ဆက်ပုံ၊ စာအုပ် အပြင်အဆင် နဲ့ လေ့လာမှု အထောက်အကူပြု ပစ္စည်းများကို အသုံးပြု ပြီး နားလည်လွယ်အောင် ရှင်းလင်း ရေးသားထားပါတယ်။

ဒါကြောင့် Social Science ဘာသာရပ်ကို လေ့လာနေတဲ့ ကျောင်းသူ ကျောင်းသား၊ တက်သစ်စ သုတေသီများအနေနဲ့ မိမိတို့ သုတေသနလုပ်ငန်းတွေမှာ အောင်မြင်မှုရရှိရန် အတွက် ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ပါ…"


Lucky Draw

စာအုပ်အသစ် မိတ်ဆက် အထိမ်းအမှတ်အနေနဲ့ Sage Publication က ပြုလုပ်ပေးတဲ့ Lucky Draw အစီအစဉ်လေးလည်း ပါဝင်ပါတယ်…

ကံထူးသူ ၁၀ ဦးကို ရွေးချယ်ပြီး အောက်ဖော်ပြပါ eBook သုံးအုပ်ထဲမှ တစ်ဦးလျှင် တစ်အုပ် ကို ၃ လ အခမဲ့ အသုံးပြုခွင့် ရရှိမှာပါ။  အစီအစဉ်မှာ ပါဝင်ဖို့အတွက် ပေးထားတဲ့ google form ကို  ဇွန်လ ၁၇ ရက်နေ့၊ ညနေ ၅ နာရီ နောက်ဆုံးထားဖြည့်ပေးဖို့လိုအပ်ပြီး ကံထူးသူ ၁၀ ဦးကို ဇွန်လ ၁၈ ရက်နေ့တွင် email မှ တစ်ဆင့် အကြောင်းကြား ပေးမှာဖြစ်ပါတယ်။

Deadline: 17 June 2024, 5 PM

Lucky Draw Form Link Here: https://forms.gle/YJjiuohRQ7M9kG79A

 

ကံစမ်းမဲဖောက်ပေးမည့်စာအုပ်များ

(1) Analyzing texts and discourse (2nd Edition)

https://us.sagepub.com/en-us/nam/analyzing-text-and-discourse/book279646#contents


(2) Action Research (7th Edition)

https://us.sagepub.com/en-us/nam/action-research/book275393#contents

 

(3) Researching Digital Media and Society

https://us.sagepub.com/en-us/nam/researching-digital-media-and-society/book281848#description

 

 

Other Announcement
Storing Data Securely
Storing Data Securely
ကံ့ကော်တောစာကြည့်တိုက်မိတ်ဆွေများမင်္ဂလာပါ… ကံ့ကော်တောစာကြည့်တိုက်က ၂၀၂၃ ခုနှစ်ရဲ့ ပထမဆုံးစာကြည့်တိုက်စကားဝိုင်းမှာ ""နည်းပညာနှင့်သက်ဆိုင်တဲ့ စကားဝိုင်းလေး""စီစဉ်ထားပါတယ်။ အချိန်က‌တော့...လာမယ့်သောကြာနေ့ မနက်၁၀နာရီမှ ၁၁နာရီခွဲ ဖြစ်ပါတယ်။ အချိန်နှင့်တပြေးညီ တိုးတက်ပြောင်းလဲနေတဲ့ ယခုကဲ့သို့သော နည်းပညာခေတ်ကြီးမှာ တစ်ဦးတစ်ယောက်ချင်းအနေဖြင့် ဖြစ်စေ၊ အသင်းအဖွဲ့အနေ ဖြင့် ဖြစ်စေ မိမိတို့ရဲ့အချက်အလက်များ(#data)ကို စုဆောင်းပြုစုသိမ်းဆည်းခြင်းတွေကို နေ့စဉ်နှင့်အမျှ ပြုလုပ်နေကြရပါတယ်။ ထိုသို့ သိမ်းဆည်းထားတဲ့အချက်အလက်(data) များကို #Online မှာဖြစ်စေ၊ #Offline မှာဖြစ်စေ လုံခြုံစွာ ထိန်းသိမ်းနိုင်မည့်နည်းလမ်းများနှင့် သိမ်းဆည်းထားသောအချက်အလက်များကို လုံခြုံစနစ်ကျစွာနဲ့ ပြန်လည်ရယူ အသုံးပြု နိုင်မယ့် နည်းလမ်းတို့ကို IT ပညာရှင်တစ်ဦးမှ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ပါဝင်စားသော မိတ်ဆွေများတက်ရောက်ကြဖို့ဖိတ်ခေါ်ပါတယ်… ကျန်းမာရွှင်လန်းကြပါစေ… Library Talk **** 🔐 Topic: “Storing Data Securely” 🔐 When:  Friday 13 Jan 2023                    10am – 11:30am (Myanmar Time) 🔐 Where: Join Zoom Meeting https://us06web.zoom.us/j/81088288234?pwd=RGROWjZNcGljSTRJSlJHWjJsdnl5UT09 Meeting ID: 810 8828 8234 Passcode: 365766
1 year ago
Introduction to Social Science Research Network (SSRN)
Introduction to Social Science Research Network (SSRN)
ကံ့ကော်တော ကနေပြီး “Online research platform” တစ်ခုအကြောင်း မိတ်ဆွေတို့ကို မိတ်ဆက် မျှဝေပေးဖို့ စီစဉ်ထားပါတယ်။ Social Science Research Network (SSRN)ဆိုတဲ့ research platform ဖြစ်ပြီး  Ruth Bird, the Bodleian Law Librarian, the University of Oxford(Retired) က မျှဝေပေးမှာဖြစ်ပါတယ်။ SSRN ကနေရရှိနိုင်မယ့်သုတေသနအထောက်အကူပြု resource များ အကြောင်းနှင့် ယင်း resources များ ရှာဖွေနည်းအဆင့်ဆင့် အပါအဝင်၊ SSRN plantform ရဲ့အသေးစိတ် အကြောင်းအချက်များကို မျှဝေပေး သွားမှာ ဖြစ်ပါတယ်။ သုတေသနလုပ်ငန်းစဉ်အတွက် ဖြစ်စေ၊ ဗဟုသုတ အတွက် ဖြစ်စေ၊ Online Platform ကို လေ့လာ လိုချင်သူများ  ပါဝင်တက်ရောက်ဖို့ ဖိတ်ပါခေါ်ပါတယ်။   **Library Talk** Title: Introduction to Social Science Research Network (SSRN) Speaker: Ruth Bird When: Jul 22, 2023 1:00 PM - 2:30 PM(MMT) Where: Join Zoom Meeting https://us06web.zoom.us/j/84909299308?pwd=RTAyOERWS2RaWE80dEZ3ai95VUkxQT09 Meeting ID: 849 0929 9308 Passcode: 453469
1 year ago
“သန့်ရှင်းသောလေ၊ ကျန်းမာသော မြန်မာ- အမှိုက်မီးရှို့ခြင်း အန္တရာယ်ကိုနားလည်ခြင်း”
“သန့်ရှင်းသောလေ၊ ကျန်းမာသော မြန်မာ- အမှိုက်မီးရှို့ခြင်း အန္တရာယ်ကိုနားလည်ခြင်း”
မင်္ဂလာပါ... ယခုလို ဆောင်းလရာသီ ရွက်ဟောင်းကြွေချိန်မှာ  သစ်ရွက်မှိုက်များကို  မီးရှို့ရှင်းလင်းနေကြတာကို မိမိတိုဝန်းကျင်မှာတွေ့မြင်နေရပါတယ်... အဲ့လိုအမှိုက်တွေကို ရှင်းလင်းဖို့ မီးရှို့ဖျက်ဆီးခြင်းဟာအကောင်းဆုံးနည်းလမ်းလား? အမှိုက်မီးရှိခြင်းရဲ့နောက်ကွယ်မှာ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ဘယ်လို အန္တရာယ်တွေရှိနေနိုင်မလဲ? မိမိတိုနေထိုင်ရာ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်စေနိုင်သလဲ? စသည်...စသည်...မေးခွန်းတွေကို အဖြေရှာဖိုအတွက်နဲ့ လေထုညစ်ညမ်းမှုအကြောင်းမျှဝေနိုင်ရန်ရည်ရွယ်ပြီး 📣"သန့်ရှင်းသောလေ၊ ကျန်းမာသောမြန်မာ- အမှိုက်မီးရှို့ခြင်းအန္တရာယ်ကိုနားလည်ခြင်း" ဆိုတဲ့ခေါင်းစဉ်နဲ့ စာကြည့်တိုက်စကားဝိုင်းလေး စီစဉ်ထားပါတယ်... ကံကော်တော မိတ်ဆွေများ အားလုံးတက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။ ဒီပို့စ် ကို မိတ်ဆွေတိုရဲ့ဝန်းကျင်ကိုထပ်မံမျှဝေပေးပါဦးနော်... ကျေးဇူးတင်ပါတယ်... 📌 Detail information 📚 Topic: “သန့်ရှင်းသောလေ၊ ကျန်းမာသော မြန်မာ- အမှိုက်မီးရှို့ခြင်း အန္တရာယ်ကိုနားလည်ခြင်း”   📚 Speaker: Dr. Kaung Htet Swan, Founder & President of the Environment, Health and Safety Myanmar(EHS Myanmar) 📚 When: Saturday, 27 January 2024, 10 AM-11:30 PM(MMT) 📚 Where: Join Zoom Meeting https://us06web.zoom.us/j/87518150248?pwd=pzRvfcBiaqeOaGyMr9oyETYj2J04bA.1 Meeting ID: 875 1815 0248 Passcode: 656095
8 months ago
University of Oxford Overview
University of Oxford Overview
မင်္ဂလာပါ 😊 ကံ့ကော်တောစာကြည့်တိုက်ရဲ့စာကြည့်တိုက်စကားဝိုင်းအစီအစဉ်ကိုစောင့်မျှော်နေကြသူများအတွက်လာမယ့်သောကြာနေ့မှာ""University of Oxford Overview""ဆိုတဲ့ခေါင်းစဉ်နဲ့ စကားဝိုင်းတင်ဆက်ပေးမှာဖြစ်ပါတယ်... မျှဝေပေးမယ့်ပုဂ္ဂိုလ်က the Bodleian Library, University of Oxford က အငြိမ်းစားစာကြည့်တိုက်မှူး Ruth Bird ဖြစ်ပြီး 🔸 အောက်စဖိုဒ့်တက္ကသိုလ်ရဲ့အကြောင်း၊ 🔸 အောက်စဖိုဒ်တက္ကသိုလ် ကျောင်းသားတွေရဲ့       နေ့စဉ်ဘဝ၊ 🔸 ဥပဒေသင်ရိုးများကြောင်းနှင့်   🔸 စာကြည့်တိုက်ရဲ့အခန်းကဏ္ဍ စသည်ဖြင့် အောက်စဖိုဒ်တက္ကသိုလ်အကြောင်းကို စုံလင်စွာမျှဝေပေးမှာ ဖြစ်ပါ တယ်… ဒါကြောင့်မိတ်ဆွေတိုအနေနဲ့ ပြည်ပတက္ကသိုလ်တစ်ခုအကြောင်း (သို)အောက်စဖိုဒ်တက္ကသိုလ်ကို အကြောင်းလေ့လာချင်တယ်၊ အောက်စဖိုဒ် တက္ကသိုလ်ရဲ့အခင်းအကျင်း၊ ကျောင်းသားဘဝ၊ သင်ကြားမှုပုံစံတွေကို လေ့လာချင်တယ်စိတ်ဝင်စား တယ်ဆိုရင် တက်ရောက်သင့်တဲ့စကားဝိုင်းလေးပါ။ တက်ရောက်ကြဖိုဖိတ်ခေါ်ပါတယ်… ""Library Talk"" Topic: "University of Oxford Overview" Guest Speaker: Ruth Bird When: Friday Sep 23, 2022. 1pm- 2pm Where: Join Zoom Meeting https://us06web.zoom.us/j/87289635042?pwd=bEQ3RElpY3VORGd1c3MydHYrc0YrZz09 Meeting ID: 872 8963 5042 Passcode: 264212
2 years ago