“Mental Health and Psychosocial Support”

“Mental Health and Psychosocial Support”

“Mental Health and Psychosocial Support”

2 years ago

🌟 စာကြည့်တိုက်စကားဝိုင်း 🌟

မင်္ဂလာပါ 

ကံ့ကော်တော ကနေ ယခုတစ်ပတ် သောကြာနေ့ (၂၁-၁၀-၂၀၂၂) မှာ “Mental Health and Psychosocial Support” ဆိုတဲ့ခေါင်းစဉ်လေး နဲ့ စာကြည့်တိုက်စကားဝိုင်းလေးတစ်ခု စီစဉ်ထားပါတယ်။

Mental Health ပညာရပ်နယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးက ဦးဆောင် ဆွေးနွေးသွားမှာဖြစ်ပြီး အမျိုးမျိုးသော အကြောင်းအရာတွေကြောင့် စိတ်ပင်ပန်းနေကြရတဲ့ ယနေ့ ခေတ်ကာလမှာ မိတ်ဆွေတို့တွေအနေနဲ့ ဒီစကားဝိုင်းလေးတွင် ပါဝင်ဆွေးနွေးတိုင်ပင် ကြရင်း စိတ်သက်သာရာရ‌သွားကြနိုင်ဖို့မျှော်လင့်ပါတယ်…ရည်ရွယ်ပါတယ်…

ဒါကြောင့်မို့လို့ ဆွေးနွေးပွဲစကားဝိုင်းကို မပျက်မကွက် တက်ရောက်ကြဖို့ဖိတ်ခေါ်ပါတယ်…

"Library Talk"
    
🔸Topic: “Mental Health and Psychosocial Support”

🔸Time: Oct 21, 2022 10:00 AM to 12:00 PM ( Myanmar Time )

🔸Join Zoom Meeting

https://us06web.zoom.us/j/83362101131?pwd=UmhrbFU4WXdXY0ZORmY4cTBOSFh5UT09

Other Announcement
Food Security in Disaster and Emergency
Food Security in Disaster and Emergency
ယခုလရဲ့ စာကြည့်တိုက်စကားဝိုင်းမှာ မျှဝေမယ့်အကြောင်းအရာက စားနပ်ရိက္ခာနဲ့ပတ်သက်တဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်နဲ့ အရေးပေါ်အခြေအနေမှာ စားနပ်ရိက္ခာ ဖူလုံမှုအတွက် ဘာတွေလုပ်ရမလဲ၊ ဘယ်လိုတွေလုပ်ရမလဲစသည့် အရေးကြီး သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို မျှဝေပေးမှာ ဖြစ်ပါတယ်။ ဗဟုသုတတွေ မျှဝေပေးမယ့် သူကတော့ ဆရာမ ဒေါက်တာ ဥမ္မာခိုင် ဖြစ်ပါတယ်။ ဆရာမက စားနပ်ရိက္ခာ ဖူလုံရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ ရာသီဥတုဒဏ်ခံနိုင်မှုနှင့် ရာသီဥတုမျှတမှု နှင့်၊ ဇီဝမျိုးစုံမျိုးကွဲ-အကျိုး ပြုသော အစားအစာစနစ် စတဲ့နယ်ပယ်တွေမှာ ပါဝင်လုပ်ကိုင်နေသူဖြစ်ပြီး လုပ်ငန်းအတွေ့ကြုံ ၂၈ နှစ်ကျော်ရှိပြီဖြစ်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦးပါ။ ၂၀၁၇ ခုနှစ်ကတည်းက Asian Climate Consortium (ACCC)ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။ လက်ရှိမှာလည်း ASEAN Center for Biodiversity မှာ လုပ်ကိုင်လျက်ရှိပါတယ်။ သဘာဝဘေးဒဏ်ခံစားနေရတဲ့ လက်ရှိအခြေအနေမှာ သိရှိနားလည်းထားရန် အထူးလိုအပ်နေတဲ့ စားနပ်ရိက္ခာဖူလုံရေးအကြောင်းအရာကို ဆရာမလိုပညာရှင်တစ်ဦးက မျှဝေပေးမှာဖြစ်လို့ တက်ရောက်ကြပါလို့ တိုက်တွန်းပါရစေ။ အသေးစိတ်အချက်အလက်ကတော့… Topic: “Food Security in Disaster and Emergency” Speaker: ဒေါက်တာ ဥမ္မာခိုင် When: Sep 23, 2024 4:00 PM - 5:30 PM Asia – Yangon Where: Join Zoom Meeting https://us06web.zoom.us/j/83858817970?pwd=jSrgG2lcPvBnwdDLXEqKq8jkGlMgs8.1 Meeting ID: 838 5881 7970 Passcode: 919255 ကံ့ကော်တောရဲ့သတင်းအချက်လက်တွေကို အောက်ဖော်ပြပါဆိုရှယ်မီဒီယာများမှလည်းရယူနိုင်ပါတယ်။ Telegram: (https://t.me/kktlib) Facebook: @Kant Kaw Taw
2 months ago
Transgender Day of Remembrance (TDOR)
Transgender Day of Remembrance (TDOR)
မင်္ဂလာပါ... ယခု ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ ကတော့ Transgender တွေကို ဆန့်ကျင်တဲ့ အကြမ်းဖက်မှုတွေ ကြောင့် အသက်ဆုံးရှုးခဲ့ရတဲ့ Transgender များကို အောက်မေ့သတိရဖွယ်နေ့အဖြစ် ဂုဏ်ပြုကျင်းပတဲ့ Transgender Day of Remembrance (TDOR) နေ့ ပါ။ TDOR မတိုင်မီ တစ်ပတ်အလိုတွင်၊ ကမ္ဘာတစ်ဝှမ်းရှိ လူပုဂ္ဂိုလ်များ၊ အဖွဲအစည်းများက လိင်တူချစ်သူများ (သို)လိင်ပြောင်းသူများ(သို) Transgender များ အရေးကို အများသူငှာ သတိပြုသိရှိလာရန်နှင့်  လူမှုအသိုင်း အဝိုင်းတွင် ၎င်းတို ရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်းရန် Transgender Awareness Week အဖြစ် အထိမ်းအမှတ်ပွဲများ ပြုလုပ်ပါဝင်ဆောင်ရွက်ကြပါတယ်။ ကံ့ကော်တောစာကြည့်တိုက်မှာလည်း လာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ TDOR အထိမ်းအမှတ်ပွဲလေး ရှိပါတယ်။ ဒီပွဲလေးမှာ မျှဝေဆွေးနွေးမယ့်သူကတော့ Transgender အရေးတက်ကြွစွာ ပါဝင် ဆောင်ရွက်နေသူတစ်ဦး ဖြစ်တဲ့ ထိုက်ထိုက် ပါ။ ကျွန်မတို မသိသေးတဲ့ သူတို အကြောင်းတွေ၊ သူတိုရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကြားသိနိုင်ဖို၊ သိရှိနားလည်နိုင်ဖို အတွက် အောက်ဖော်ပြပါအစီအစဉ်အတိုင်း ပွဲလေးကို တက်ရောက်ကြပါလို အားလုံးကို ဖိတ်ခေါ်ပါတယ်... Title: “SOGIESC Diversity and LGBTIQ Identity” Speaker: Htike Htike When: Nov 20, 2024 10:30 AM - 12:00 PM Asia – Yangon Where: Join Zoom Meeting https://us06web.zoom.us/j/85186248523?pwd=M9DMmGEet3rhBdEOQKfBRz2CM5Fwhg.1 Meeting ID: 851 8624 8523 Passcode: 586373
1 week ago
Library Training
Library Training
မင်္ဂလာပါ… ဥပဒေ၊ လူ့အခွင့်အရေးနှင့်လူမှုရေးသိပ္ပံ ပညာရပ်တိုကို လေ့လာနေသော စာဖတ်သူများ အတွက် ယင်းပညာရပ်တိုနဲ့သက်ဆိုင်သော eResources များကို ပံ့ပိုးပေးလျက်ရှိသော စာကြည့်တိုက်များထဲတွင် ကံ့ကော်တောစာကြည့်တိုက်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကံ့ကော်တောစာကြည့်တိုက်မှာ ရရှိအသုံးပြုနိုင်သော eResources databases ပေါင်း( ၆၀ ) ကျော် ရှိပါတယ်… ဒီတစ်ပတ်သောကြာနေ့မှာ ကံ့ကော်တောရဲ့eResources Databases များထဲမှ HeinOnline Database အကြောင်းကို မျှဝေပေးမှာပါ။  -  HeinOnline မှာ ပါဝင်တဲ့ပညာရပ်များ၊  -  မိမိတိုဖတ်ရှုလိုသော အကြောင်းအချက်အလက်တိုကိုအချိန်တိုအတွင်း ရှာဖွေနိုင်မယ့် နည်းလမ်းများနှင့်… -  Update ဖြစ်ပြီး ခိုင်လုံတဲ့အချက်အလက်တွေကို HeinOnline မှာဘယ်လိုရှာဖွေရမယ် ဆိုတာတွေကို မျှဝေပေးမှာဖြစ်ပါတယ်… ဒါကြောင့် ခိုင်လုံတဲ့အချက်အလက်တွေကို ရှာဖွေချင်သောစာဖတ်သူများ၊ HeinOnline Database အကြောင်းသိရှိလိုသောသူများ၊ eResources တွေအကြောင်းသိရှိလေ့လာ လိုသောသူများ တက်ရောက်ကြဖို ဖိတ်ခေါ်ပါတယ်… အသေးစိတ်အချက်အလက်ကတော့… Topic: “How to use eResources: HeinOnline” When: Friday, 24 March 2023, 10:00 AM - 11: 00 AM (MMT) Where: Join Zoom Meeting https://us06web.zoom.us/j/88568705258?pwd=MnRmR0lkSjNVRFE1Z1pHb21rd0tNQT09 Meeting ID: 885 6870 5258 Passcode: 347351
1 year ago
How to find and apply for the scholarships?
How to find and apply for the scholarships?
""မင်္ဂလာညချမ်းပါ..."" ကံ့ကော်တောစာကြည့်တိုက်ကနေ စိတ်ဝင်စားဖွယ် စာကြည့်တိုက်စကားဝိုင်းလေးတွေကို တစ်လလျှင် အနည်းဆုံးတစ်ကြိမ်ပြုလုပ်တင်ဆက်ပေးခဲ့ပါတယ်... ယခုလမှာတော့ ပညာသင်ဆုလျှောက်ထား ရယူပြီး နိုင်ငံရပ်ခြားမှာ ပညာသွားရောက်သင်ကြားလိုကြသောသူများအတွက် ရည်ရွယ်ပြီး🪄 ""How to find and apply for the scholarships?""ဆိုတဲ့ခေါင်းစဉ်နဲ့ စာကြည့်တိုက်စကားဝိုင်းလေးစီစဉ်ထားပါတယ်… ဒီစကားဝိုင်းမှာ ဆွေးနွေးမှာတွေကတော့ … 🔸 Type of Scholarships 🔹 How to find scholarship information? 🔸 Applying for scholarships 🔹 How to create your CV? စသည့် အကြောင်းအရာများ ဖြစ်ပါတယ်… ဒါကြောင့် ပညာသင်ဆု(#scholarships)လျှောက် ထားလိုသော လူကြီးလူရွယ်လူငယ်များနှင့် မိမိရဲ့သားသမီး၊ ညီ၊ ညီမငယ် တိုကို scholarship လျှောက်ထားစေချင်သော  မိဘ၊ အစ်ကို၊ အစ်မများကို ပါဝင်တက်ရောက် ဆွေးနွေးကြဖို ဖိတ်ခေါ်ပါတယ်… 📚 Library Talk       **** 📍  Title:  "How to find and apply for the scholarships?" 📍  When:  Friday, December 23, 2022, 9 AM to 10:30 AM (MMT) 📍  Where: Join Zoom Meeting https://us06web.zoom.us/j/86447140081?pwd=SVRhc29YN1k1LytSMmJoODdmZjA3QT09 Meeting ID: 864 4714 0081 Passcode: 646000
1 year ago