Library Training

Library Training

Library Training

2 years ago

မင်္ဂလာပါ…

ကံ့ကော်တောစာကြည့်တိုက်မှ ဒီတစ်ပတ်သောကြာနေ့မှာ “Open Access Databases: Smart Searching” ဆိုတဲ့ virtual training လေးကို မျှဝေပေးမှာ ဖြစ်ပါတယ်…

ဒီမျှဝေမှုမှတစ်ဆင့်

  • DOAJ, OAPEN နှင့် DOAB ဆိုတဲ့ Open access database တွေအကြောင်း၊ ခိုင်လုံမှုနှင့်
  • ၎င်း databases တို့ရဲ့ များပြားလှတဲ့ အချက်အလက်တွေထဲကမှ မိမိရှာဖွေလိုတဲ့ အကြောင်းအရာကို အချိန်တိုအတွင်း ထိရောက် မြန်ဆန်စွာ ရှာဖွေနို­င်မည့် နည်းလမ်းများကို သိရှိ၊ ရရှိနိုင်မှာ ဖြစ်ပါတယ်…

အခမဲ့သင်တန်းလေးကို စိတ်ပါဝင်စားပါက တက်ရောက်နိုင်ပါကြောင်း ဖိတ်ကြားပါတယ်။ အသေးစိတ်အချက်အလက်ကို အောက်မှာ ဖော်ပြ ပေးထားပါတယ်…

"Library Training"

Title   :         “Open Access Databases: Smart Searching”

When :         Friday Aug 12, 2022 ⋅ 11 am – 12 pm (Myanmar Time)

Where:         Join Zoom Meeting


https://us06web.zoom.us/j/85379130597?pwd=U3ZPMUtKUjA5YXovd2ZVVGpaMDRiUT09

Meeting ID: 853 7913 0597
Passcode: 961331

Other Announcement
Food Security in Disaster and Emergency
Food Security in Disaster and Emergency
ယခုလရဲ့ စာကြည့်တိုက်စကားဝိုင်းမှာ မျှဝေမယ့်အကြောင်းအရာက စားနပ်ရိက္ခာနဲ့ပတ်သက်တဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်နဲ့ အရေးပေါ်အခြေအနေမှာ စားနပ်ရိက္ခာ ဖူလုံမှုအတွက် ဘာတွေလုပ်ရမလဲ၊ ဘယ်လိုတွေလုပ်ရမလဲစသည့် အရေးကြီး သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို မျှဝေပေးမှာ ဖြစ်ပါတယ်။ ဗဟုသုတတွေ မျှဝေပေးမယ့် သူကတော့ ဆရာမ ဒေါက်တာ ဥမ္မာခိုင် ဖြစ်ပါတယ်။ ဆရာမက စားနပ်ရိက္ခာ ဖူလုံရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ ရာသီဥတုဒဏ်ခံနိုင်မှုနှင့် ရာသီဥတုမျှတမှု နှင့်၊ ဇီဝမျိုးစုံမျိုးကွဲ-အကျိုး ပြုသော အစားအစာစနစ် စတဲ့နယ်ပယ်တွေမှာ ပါဝင်လုပ်ကိုင်နေသူဖြစ်ပြီး လုပ်ငန်းအတွေ့ကြုံ ၂၈ နှစ်ကျော်ရှိပြီဖြစ်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦးပါ။ ၂၀၁၇ ခုနှစ်ကတည်းက Asian Climate Consortium (ACCC)ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။ လက်ရှိမှာလည်း ASEAN Center for Biodiversity မှာ လုပ်ကိုင်လျက်ရှိပါတယ်။ သဘာဝဘေးဒဏ်ခံစားနေရတဲ့ လက်ရှိအခြေအနေမှာ သိရှိနားလည်းထားရန် အထူးလိုအပ်နေတဲ့ စားနပ်ရိက္ခာဖူလုံရေးအကြောင်းအရာကို ဆရာမလိုပညာရှင်တစ်ဦးက မျှဝေပေးမှာဖြစ်လို့ တက်ရောက်ကြပါလို့ တိုက်တွန်းပါရစေ။ အသေးစိတ်အချက်အလက်ကတော့… Topic: “Food Security in Disaster and Emergency” Speaker: ဒေါက်တာ ဥမ္မာခိုင် When: Sep 23, 2024 4:00 PM - 5:30 PM Asia – Yangon Where: Join Zoom Meeting https://us06web.zoom.us/j/83858817970?pwd=jSrgG2lcPvBnwdDLXEqKq8jkGlMgs8.1 Meeting ID: 838 5881 7970 Passcode: 919255 ကံ့ကော်တောရဲ့သတင်းအချက်လက်တွေကို အောက်ဖော်ပြပါဆိုရှယ်မီဒီယာများမှလည်းရယူနိုင်ပါတယ်။ Telegram: (https://t.me/kktlib) Facebook: @Kant Kaw Taw
2 months ago
Grammatical and Phonetical Fluidity
Grammatical and Phonetical Fluidity
မင်္ဂလာပါ… ကံ့ကော်တောစာကြည့်တိုက်ကနေ စာဖတ်သူများကို အကောင်းဆုံးသော ဝန်ဆောင်မှု၊ ပံ့ပိုးမှုတွေပေးနိုင်အောင် အစဉ်အမြဲ ကြိုးပမ်းလျက်ရှိပါတယ်… ဒီတစ်ခေါက်မှာ အင်္ဂလိပ်စာကို လေ့လာလိုသောစာဖတ်သူများအတွက် “Grammatical and Phonetical Fluidity” ဆိုတဲ့ အင်္ဂလိပ်စာသင်တန်းလေးတစ်ခု ကို ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။ အခမဲ့ (ပညာဒါနသင်တန်း) တက်ရောက်နိုင်မယ့်သင်တန်း ဖြစ်ပြီး စိတ်ပါဝင်စားသူမည်သူမဆိုအောက်ဖော်ပြပါ လင့်ခ်မှတစ်ဆင့် လျှောက်ထားနိုင်ပါတယ်… ၄.၁၁.၂၀၂၃ (စနေနေ့) ညနေ ၄ နာရီ နောက်ဆုံးထားလျှောက်ထားရမှာ ကြောင်းကိုလည်း အသိပေးပါ ရစေ… တက်ရောက်ခွင့်ရသူများအားလုံးကို စနေ့နေ့ ည ၇နာရီမှာ email ပေးပို့အကြောင်းကြားသွားမှာ ဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်… Detail information Course: Grammatical and Phonetical Fluidity Instructor: Tr. Wayne, Fulbright Scholar and alumnus (2018-2020); B.A. Eng(C) (MUFL); Dip ELT (MU); M.A. Eng (MU); M.S. Educational Methodology, Policy, and Leadership, University of Oregon, USA. Founder and Principal (The Big Dipper - IELTS & the English Language Facilitating Center), IELTS Prize Winner (local 2017-2018), Lecturer - University of Global Peace သင်တန်းကြေး - အခမဲ့ ကြာချိန်- ၅ ရက် သင်တန်းနေ့ရက်- ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၅ရက်နေ့ မှ ဒီဇင်ဘာလ ၃ ရက်နေ့ထိ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အချိန် - ည ၇ နာရီမှ ၉နာရီထိ နေရာ- Zoom လျှောက်ထားရန်-  https://forms.gle/a6FgwLKSP2m3bw9z9
1 year ago
Pride Month Celebration
Pride Month Celebration
Happy Pride Month!!! ကံ့ကော်တောကနေ “Pride Month” အထိမ်းအမှတ်အနေနဲ့ ပွဲလေးတစ်ခုကျင်းပဖို့ရှိပါတယ်။ ဒီပွဲလေးကနေတစ်ဆင့် လူသားများထဲက လူသားတွေဖြစ်တဲ့ LGBTIQ+ တွေအကြောင်း သိရှိနားလည်ရင်း ပိုမိုလှပသော အနာဂတ်လောကကို အတူတကွ တည်ဆောက်ကြဖို့ အတွက် အားလုံးပါဝင်တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်… ပွဲလေးမှာ ပါဝင် ဆွေးနွေးမယ့် သူ ကတော့ … “ကျနော့်နာမည်က ဖြိုးသစ်လူ ဖြစ်ပါတယ်။ ကျနော်က လွန်ခဲ့သော ၂၀၀၈ ခုနှစ်မှ စတင်ပြီးတော့ လက်ရှိအချိန်အထိ လူ့အခွင့်အရေး၊ Gender Equality and Inclusive, LGBTIQ အရေးများနဲ့ပတ်သက်ပြီးတော့ သတင်းမီဒီယာဌာန၊ ပညာပေး လုပ်ငန်းစဉ်များ၊ စည်းရုံးလှုံ့ဆော်ခြင်းလုပ်ငန်းစဉ်များ ကို မြန်မာပြည်တွင်းနှင့် နိုင်ငံတကာတွင် သင်ယူရင်း လက်တွေ့ အသုံးချ လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။ ကျနော့်ဝါသနာအရ လည်း ပညာပေးလုပ်ငန်းများကို စိတ်ပါဝင်စားသူတယောက် ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနှံရှိ မြိုရွာများ၊ LGBTIQ အဖွဲအစည်းများ၊ တခြားသော အရပ်ဖက်အဖွဲများနှင့် ပူးပေါင်း ပြီးတော့ ထိုကိစ္စရပ်များကို ဦးစားပေးလုပ်ဆောင်လာခဲ့တာ ယနေ့ အချိန်ထိ ဖြစ်ပါတယ်။”  အောက်ပါအစီအစဉ်အတိုင်း တက်ရောက်နိုင်ပါရန် ထပ်မံဖိတ်ကြားအပ်ပါတယ်ရှင်...   Detail information Topic: “Pride Month Celebration Special Talk” Speaker: Phyo Thit Luu When: Jun 13, 2024 1:00 PM - 3:00 PM Asia – Yangon Where: Join Zoom Meeting https://us06web.zoom.us/j/89062897813?pwd=ADxcu5ac2qDnwYN1qtRZwTPOqjjihX.1 Meeting ID: 890 6289 7813 Passcode: 791645      
5 months ago