Library Training

Library Training

Library Training

1 year ago

မင်္ဂလာပါ…


ဥပဒေ၊ လူ့အခွင့်အရေးနှင့်လူမှုရေးသိပ္ပံ ပညာရပ်တိုကို လေ့လာနေသော စာဖတ်သူများ အတွက် ယင်းပညာရပ်တိုနဲ့သက်ဆိုင်သော eResources များကို ပံ့ပိုးပေးလျက်ရှိသော စာကြည့်တိုက်များထဲတွင် ကံ့ကော်တောစာကြည့်တိုက်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။


ကံ့ကော်တောစာကြည့်တိုက်မှာ ရရှိအသုံးပြုနိုင်သော eResources databases ပေါင်း( ၆၀ ) ကျော် ရှိပါတယ်…


ဒီတစ်ပတ်သောကြာနေ့မှာ ကံ့ကော်တောရဲ့eResources Databases များထဲမှ HeinOnline Database အကြောင်းကို မျှဝေပေးမှာပါ။ 
-  HeinOnline မှာ ပါဝင်တဲ့ပညာရပ်များ၊ 
-  မိမိတိုဖတ်ရှုလိုသော အကြောင်းအချက်အလက်တိုကိုအချိန်တိုအတွင်း ရှာဖွေနိုင်မယ့် နည်းလမ်းများနှင့်…
-  Update ဖြစ်ပြီး ခိုင်လုံတဲ့အချက်အလက်တွေကို HeinOnline မှာဘယ်လိုရှာဖွေရမယ် ဆိုတာတွေကို မျှဝေပေးမှာဖြစ်ပါတယ်…


ဒါကြောင့် ခိုင်လုံတဲ့အချက်အလက်တွေကို ရှာဖွေချင်သောစာဖတ်သူများ၊ HeinOnline Database အကြောင်းသိရှိလိုသောသူများ၊ eResources တွေအကြောင်းသိရှိလေ့လာ လိုသောသူများ တက်ရောက်ကြဖို ဖိတ်ခေါ်ပါတယ်…
အသေးစိတ်အချက်အလက်ကတော့…

Topic: “How to use eResources: HeinOnline”


When: Friday, 24 March 2023, 10:00 AM - 11: 00 AM (MMT)


Where: Join Zoom Meeting


https://us06web.zoom.us/j/88568705258?pwd=MnRmR0lkSjNVRFE1Z1pHb21rd0tNQT09

Meeting ID: 885 6870 5258
Passcode: 347351

Other Announcement
Food Security in Disaster and Emergency
Food Security in Disaster and Emergency
ယခုလရဲ့ စာကြည့်တိုက်စကားဝိုင်းမှာ မျှဝေမယ့်အကြောင်းအရာက စားနပ်ရိက္ခာနဲ့ပတ်သက်တဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်နဲ့ အရေးပေါ်အခြေအနေမှာ စားနပ်ရိက္ခာ ဖူလုံမှုအတွက် ဘာတွေလုပ်ရမလဲ၊ ဘယ်လိုတွေလုပ်ရမလဲစသည့် အရေးကြီး သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို မျှဝေပေးမှာ ဖြစ်ပါတယ်။ ဗဟုသုတတွေ မျှဝေပေးမယ့် သူကတော့ ဆရာမ ဒေါက်တာ ဥမ္မာခိုင် ဖြစ်ပါတယ်။ ဆရာမက စားနပ်ရိက္ခာ ဖူလုံရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ ရာသီဥတုဒဏ်ခံနိုင်မှုနှင့် ရာသီဥတုမျှတမှု နှင့်၊ ဇီဝမျိုးစုံမျိုးကွဲ-အကျိုး ပြုသော အစားအစာစနစ် စတဲ့နယ်ပယ်တွေမှာ ပါဝင်လုပ်ကိုင်နေသူဖြစ်ပြီး လုပ်ငန်းအတွေ့ကြုံ ၂၈ နှစ်ကျော်ရှိပြီဖြစ်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦးပါ။ ၂၀၁၇ ခုနှစ်ကတည်းက Asian Climate Consortium (ACCC)ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။ လက်ရှိမှာလည်း ASEAN Center for Biodiversity မှာ လုပ်ကိုင်လျက်ရှိပါတယ်။ သဘာဝဘေးဒဏ်ခံစားနေရတဲ့ လက်ရှိအခြေအနေမှာ သိရှိနားလည်းထားရန် အထူးလိုအပ်နေတဲ့ စားနပ်ရိက္ခာဖူလုံရေးအကြောင်းအရာကို ဆရာမလိုပညာရှင်တစ်ဦးက မျှဝေပေးမှာဖြစ်လို့ တက်ရောက်ကြပါလို့ တိုက်တွန်းပါရစေ။ အသေးစိတ်အချက်အလက်ကတော့… Topic: “Food Security in Disaster and Emergency” Speaker: ဒေါက်တာ ဥမ္မာခိုင် When: Sep 23, 2024 4:00 PM - 5:30 PM Asia – Yangon Where: Join Zoom Meeting https://us06web.zoom.us/j/83858817970?pwd=jSrgG2lcPvBnwdDLXEqKq8jkGlMgs8.1 Meeting ID: 838 5881 7970 Passcode: 919255 ကံ့ကော်တောရဲ့သတင်းအချက်လက်တွေကို အောက်ဖော်ပြပါဆိုရှယ်မီဒီယာများမှလည်းရယူနိုင်ပါတယ်။ Telegram: (https://t.me/kktlib) Facebook: @Kant Kaw Taw
2 months ago
“သန့်ရှင်းသောလေ၊ ကျန်းမာသော မြန်မာ- အမှိုက်မီးရှို့ခြင်း အန္တရာယ်ကိုနားလည်ခြင်း”
“သန့်ရှင်းသောလေ၊ ကျန်းမာသော မြန်မာ- အမှိုက်မီးရှို့ခြင်း အန္တရာယ်ကိုနားလည်ခြင်း”
မင်္ဂလာပါ... ယခုလို ဆောင်းလရာသီ ရွက်ဟောင်းကြွေချိန်မှာ  သစ်ရွက်မှိုက်များကို  မီးရှို့ရှင်းလင်းနေကြတာကို မိမိတိုဝန်းကျင်မှာတွေ့မြင်နေရပါတယ်... အဲ့လိုအမှိုက်တွေကို ရှင်းလင်းဖို့ မီးရှို့ဖျက်ဆီးခြင်းဟာအကောင်းဆုံးနည်းလမ်းလား? အမှိုက်မီးရှိခြင်းရဲ့နောက်ကွယ်မှာ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ဘယ်လို အန္တရာယ်တွေရှိနေနိုင်မလဲ? မိမိတိုနေထိုင်ရာ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်စေနိုင်သလဲ? စသည်...စသည်...မေးခွန်းတွေကို အဖြေရှာဖိုအတွက်နဲ့ လေထုညစ်ညမ်းမှုအကြောင်းမျှဝေနိုင်ရန်ရည်ရွယ်ပြီး 📣"သန့်ရှင်းသောလေ၊ ကျန်းမာသောမြန်မာ- အမှိုက်မီးရှို့ခြင်းအန္တရာယ်ကိုနားလည်ခြင်း" ဆိုတဲ့ခေါင်းစဉ်နဲ့ စာကြည့်တိုက်စကားဝိုင်းလေး စီစဉ်ထားပါတယ်... ကံကော်တော မိတ်ဆွေများ အားလုံးတက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။ ဒီပို့စ် ကို မိတ်ဆွေတိုရဲ့ဝန်းကျင်ကိုထပ်မံမျှဝေပေးပါဦးနော်... ကျေးဇူးတင်ပါတယ်... 📌 Detail information 📚 Topic: “သန့်ရှင်းသောလေ၊ ကျန်းမာသော မြန်မာ- အမှိုက်မီးရှို့ခြင်း အန္တရာယ်ကိုနားလည်ခြင်း”   📚 Speaker: Dr. Kaung Htet Swan, Founder & President of the Environment, Health and Safety Myanmar(EHS Myanmar) 📚 When: Saturday, 27 January 2024, 10 AM-11:30 PM(MMT) 📚 Where: Join Zoom Meeting https://us06web.zoom.us/j/87518150248?pwd=pzRvfcBiaqeOaGyMr9oyETYj2J04bA.1 Meeting ID: 875 1815 0248 Passcode: 656095
10 months ago
Grammatical and Phonetical Fluidity
Grammatical and Phonetical Fluidity
မင်္ဂလာပါ… ကံ့ကော်တောစာကြည့်တိုက်ကနေ စာဖတ်သူများကို အကောင်းဆုံးသော ဝန်ဆောင်မှု၊ ပံ့ပိုးမှုတွေပေးနိုင်အောင် အစဉ်အမြဲ ကြိုးပမ်းလျက်ရှိပါတယ်… ဒီတစ်ခေါက်မှာ အင်္ဂလိပ်စာကို လေ့လာလိုသောစာဖတ်သူများအတွက် “Grammatical and Phonetical Fluidity” ဆိုတဲ့ အင်္ဂလိပ်စာသင်တန်းလေးတစ်ခု ကို ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။ အခမဲ့ (ပညာဒါနသင်တန်း) တက်ရောက်နိုင်မယ့်သင်တန်း ဖြစ်ပြီး စိတ်ပါဝင်စားသူမည်သူမဆိုအောက်ဖော်ပြပါ လင့်ခ်မှတစ်ဆင့် လျှောက်ထားနိုင်ပါတယ်… ၄.၁၁.၂၀၂၃ (စနေနေ့) ညနေ ၄ နာရီ နောက်ဆုံးထားလျှောက်ထားရမှာ ကြောင်းကိုလည်း အသိပေးပါ ရစေ… တက်ရောက်ခွင့်ရသူများအားလုံးကို စနေ့နေ့ ည ၇နာရီမှာ email ပေးပို့အကြောင်းကြားသွားမှာ ဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်… Detail information Course: Grammatical and Phonetical Fluidity Instructor: Tr. Wayne, Fulbright Scholar and alumnus (2018-2020); B.A. Eng(C) (MUFL); Dip ELT (MU); M.A. Eng (MU); M.S. Educational Methodology, Policy, and Leadership, University of Oregon, USA. Founder and Principal (The Big Dipper - IELTS & the English Language Facilitating Center), IELTS Prize Winner (local 2017-2018), Lecturer - University of Global Peace သင်တန်းကြေး - အခမဲ့ ကြာချိန်- ၅ ရက် သင်တန်းနေ့ရက်- ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၅ရက်နေ့ မှ ဒီဇင်ဘာလ ၃ ရက်နေ့ထိ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အချိန် - ည ၇ နာရီမှ ၉နာရီထိ နေရာ- Zoom လျှောက်ထားရန်-  https://forms.gle/a6FgwLKSP2m3bw9z9
1 year ago
Library Virtual Training
Library Virtual Training
မင်္ဂလာပါ… ကံ့ကော်တောစာကြည့်တိုက်မှ ကြိုဆိုပါတယ်… ကံ့ကော်တောမှ စာဖတ်သူတွေအတွက် လတစ်လရဲ့ ဒုတိယမြောက်သောကြာနေ့နှင့် နောက်ဆုံး သောကြာနေ့ တိုင်းမှာ သင်တန်းလေးတွေ မျှဝေသွားမယ့် အစီအစဉ်ရှိပါတယ်… ဒီတစ်ပတ်မှာ မိတ်ဆွေတို့အတွက် မှတ်တမ်းမှတ်ရာ အချက်အလက်တွေ စနစ်တကျ စီမံသိမ်းဆည်း နိုင်၊ မျှဝေနိုင်ရန်နှင့် သုတေသနများပြုလုပ်ရာတွင် ကိုးကားချက်များမှန်ကန်စနစ်ကျစွာ ဖော်ပြ နိုင်ရန် အတွက်အသုံးပြုနိုင်သော Zotero : research tool အသုံးပြုပုံကိုမျှဝေပေးမှာဖြစ်ပါတယ်။ ဒါကြောင်မို့ စိတ်ပါဝင်စားသူများအနေဖြင့် လာမည့်သောကြာနေ့ (၂၄- ၆- ၂၀၂၂) ရက်နေ့တွင် ‌အောက်ဖော်ပြပါ Zoom Link မှတစ်ဆင့် တက်ရောက်နိုင်ပါကြောင်း အသိပေးဖိတ်ကြားပါတယ်… ကျေးဇူးတင်ပါတယ်… Join Zoom Meeting https://us06web.zoom.us/j/84471543613?pwd=L3A1SnMyOU1hZExPT2FFRTBkeFlDUT09 Meeting ID: 844 7154 3613 Passcode: 872555
2 years ago