Kant Kaw Taw library explorers’ training

Kant Kaw Taw library explorers’ training

Kant Kaw Taw library explorers’ training

1 month ago

မင်္ဂလာပါ…

ကံ့ကော်တောစာကြည့်တိုက်အနေဖြင့်စာဖတ်သူများအတွက် ဗဟုသုတရရှိစေရန်၊ အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ပြီး လစဉ်လတိုင်း  နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ ကျွမ်းကျင်သူများကို ဖိတ်ကြား ပြီး စာကြည့်တိုက်စကားဝိုင်းများ၊ သင်တန်းများ၊ ဉာဏ်စမ်းအစီအစဉ်များကို အခါအားလျော်စွာ စီစဉ်ပံ့ပိုးပေးလျက် ရှိပါတယ်။
ဒီတစ်ခေါက်မှာ “Kant Kaw Taw library explorers’ training” သင်တန်းကို စီစဉ်ထားပါတယ်။  ကံ့ကော်တောစာကြည့်တိုက်က ပံ့ပိုးပေးသော ပညာရပ်ဆိုင်ရာနှင့် ဗဟုသုတရဖွယ် စာပေပစ္စည်းများကို အကျိုးရှိရှိ အသုံးပြုရင်း ပညာရှာဖွေရာတွင်လည်းကောင်း၊ လုပ်ငန်းခွင်တွင် လည်းကောင်း  မိတ်ဆွေတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့အတွက် မရှိဖြစ်လိုအပ်တဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးမယ့် သင်တန်းတစ်ခုဖြစ်ပါတယ်။ 
-    Presentation Skill
-    Book review ရေးနည်း၊
-    21st Century Skills (Communication, Critical Thinking, Creativity & Collaboration) စသည့် စသည့်  သင်ခန်းစာအကြောင်းအရာတွေ ပါဝင်ပါတယ်။ 
သင်တန်းကာလက ဧပြီ ၂၉ ရက် ၂၀၂၄ ခုနှစ် မှ မေလ ၃၁ရက် ၂၀၂၄ ခုနှစ်အတွင်း၊ အပတ်စဉ် တနင်္လာ မှ ကြာသာပတေး (တစ်ပတ် လေးရက်၊ တစ်ရက် နှစ်နာရီကြာ) တက်ရောက်ရမှာ ဖြစ်ပါ တယ်။ လူဦးရေကန့်သတ်ထားပါသောကြောင့် ရွေးချယ်ခံရသူများကို ဧပြီလ ၂၄ရက် ၂၀၂၄ ခုနှစ် တွင် email မှတစ်ဆင့် အကြောင်းကြားမည် ဖြစ်ကြောင်းကို လည်း အသိပေးအပ်ပါ သည်။ သင်တန်း၊ အချိန်နှင့် နေ့ရက် အသေးစိတ်ကို အောက်မှာလည်း ဖော်ပြပေးထားပါတယ်။

တက်ရောက်ရန်စိတ်ပါဝင်စားသူများအနေဖြင့် ပေးထားသော google form မှ တစ်ဆင့် လျှောက်ထားနိုင်ပါပြီ!!!


Form:https://docs.google.com/forms/d/1NKdpWMD7a3k_IEmfrHAPJWI99iMQ4x6GE38P7uYiCTw/edit


Deadline: 21 April 2024, 11:59 PM

*** မိမိကြောင့် သူတစ်ပါးအခွင့်အရေး မနစ်နာစေရန် သင်တန်းကို အစမှ ပြီးဆုံးသည်ထိ သင်တန်းအချိန်ပြည့်တက်ရောက်နိုင်မှသာ လျှောက်ထားကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

                       Detail Information

  • Title: “Kant Kaw Taw library explorers’ training”
  • Trainer: Tr. Sweet
  • Time: 5:30- 7:30 PM 
  • Date: 29 April 2024 – 31 May 2024, (Every Monday to Thursday) 
  • Where: Zoom Platform
Other Announcement
Library Talk
Library Talk
မင်္ဂလာပါ… ဒီတစ်ပတ်သောကြာနေ့ နိုဝင်ဘာလ (၁၁)ရက်နေ့မှာ စာကြည့်တိုက်စကားဝိုင်းလေးတစ်ခုစီစဉ်ထားပါတယ်။ သောကြာနေ့စကားဝိုင်းမှာ “The Common Law and the Role of Precendens” ဆိုတဲ့ခေါင်းစဉ်လေးကို Bodleian Law Library မှ Ruth Bird, Retired Law Librarian က ဆွေးနွေးမှာဖြစ်ပါတယ်။ ဆရာမ Ruth ဆွေးနွေးသမျှကို မြန်မာဘာသာပြန်ဆိုပေးတဲ့ အစီအစဉ်လည်းပါဝင်တာမို့လို့ သိရှိ မေးမြန်း လိုသည်များကိုလည်း မြန်မာဘာသာဖြင့် ဝင်ရောက်မေးမြန်းဆွေးနွေးနိုင်မှာ ဖြစ်ပါတယ် ♦️ အင်္ဂလိပ်ရိုးရာဥပဒေ (Common law) ဆိုတာဘာလဲ ? ♦️  ဖြတ်ထုံး (Precedents) ဆိုတာဘာလဲ၊ ဘယ်လိုစည်းနှောင်မှုတွေရှိလဲ ? အစရှိတာတွေကို သိရှိဆွေးနွေးနိုင်မယ့်အခွင့်အရေးမို့ အားလုံးတက်ရောက်ကြဖို့ဖိတ်ခေါ်ပါတယ်နော်… အသေးစိတ်အချက်အလက်တွေကတော့… Topic: "The Common Law and the Role of Precedents" Guest speaker: Ruth Bird When: Fri, Nov 11 .1 PM to 2 PM Where: Join Zoom Meeting https://us06web.zoom.us/j/85775970250?pwd=emVBYmZocXczMGNsN09hN04zV3VoUT09 Meeting ID: 857 7597 0250 Passcode: 518276
1 year ago
Grammatical and Phonetical Fluidity
Grammatical and Phonetical Fluidity
မင်္ဂလာပါ… ကံ့ကော်တောစာကြည့်တိုက်ကနေ စာဖတ်သူများကို အကောင်းဆုံးသော ဝန်ဆောင်မှု၊ ပံ့ပိုးမှုတွေပေးနိုင်အောင် အစဉ်အမြဲ ကြိုးပမ်းလျက်ရှိပါတယ်… ဒီတစ်ခေါက်မှာ အင်္ဂလိပ်စာကို လေ့လာလိုသောစာဖတ်သူများအတွက် “Grammatical and Phonetical Fluidity” ဆိုတဲ့ အင်္ဂလိပ်စာသင်တန်းလေးတစ်ခု ကို ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။ အခမဲ့ (ပညာဒါနသင်တန်း) တက်ရောက်နိုင်မယ့်သင်တန်း ဖြစ်ပြီး စိတ်ပါဝင်စားသူမည်သူမဆိုအောက်ဖော်ပြပါ လင့်ခ်မှတစ်ဆင့် လျှောက်ထားနိုင်ပါတယ်… ၄.၁၁.၂၀၂၃ (စနေနေ့) ညနေ ၄ နာရီ နောက်ဆုံးထားလျှောက်ထားရမှာ ကြောင်းကိုလည်း အသိပေးပါ ရစေ… တက်ရောက်ခွင့်ရသူများအားလုံးကို စနေ့နေ့ ည ၇နာရီမှာ email ပေးပို့အကြောင်းကြားသွားမှာ ဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်… Detail information Course: Grammatical and Phonetical Fluidity Instructor: Tr. Wayne, Fulbright Scholar and alumnus (2018-2020); B.A. Eng(C) (MUFL); Dip ELT (MU); M.A. Eng (MU); M.S. Educational Methodology, Policy, and Leadership, University of Oregon, USA. Founder and Principal (The Big Dipper - IELTS & the English Language Facilitating Center), IELTS Prize Winner (local 2017-2018), Lecturer - University of Global Peace သင်တန်းကြေး - အခမဲ့ ကြာချိန်- ၅ ရက် သင်တန်းနေ့ရက်- ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၅ရက်နေ့ မှ ဒီဇင်ဘာလ ၃ ရက်နေ့ထိ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အချိန် - ည ၇ နာရီမှ ၉နာရီထိ နေရာ- Zoom လျှောက်ထားရန်-  https://forms.gle/a6FgwLKSP2m3bw9z9
6 months ago
Introduction to Social Science Research Network (SSRN)
Introduction to Social Science Research Network (SSRN)
ကံ့ကော်တော ကနေပြီး “Online research platform” တစ်ခုအကြောင်း မိတ်ဆွေတို့ကို မိတ်ဆက် မျှဝေပေးဖို့ စီစဉ်ထားပါတယ်။ Social Science Research Network (SSRN)ဆိုတဲ့ research platform ဖြစ်ပြီး  Ruth Bird, the Bodleian Law Librarian, the University of Oxford(Retired) က မျှဝေပေးမှာဖြစ်ပါတယ်။ SSRN ကနေရရှိနိုင်မယ့်သုတေသနအထောက်အကူပြု resource များ အကြောင်းနှင့် ယင်း resources များ ရှာဖွေနည်းအဆင့်ဆင့် အပါအဝင်၊ SSRN plantform ရဲ့အသေးစိတ် အကြောင်းအချက်များကို မျှဝေပေး သွားမှာ ဖြစ်ပါတယ်။ သုတေသနလုပ်ငန်းစဉ်အတွက် ဖြစ်စေ၊ ဗဟုသုတ အတွက် ဖြစ်စေ၊ Online Platform ကို လေ့လာ လိုချင်သူများ  ပါဝင်တက်ရောက်ဖို့ ဖိတ်ပါခေါ်ပါတယ်။   **Library Talk** Title: Introduction to Social Science Research Network (SSRN) Speaker: Ruth Bird When: Jul 22, 2023 1:00 PM - 2:30 PM(MMT) Where: Join Zoom Meeting https://us06web.zoom.us/j/84909299308?pwd=RTAyOERWS2RaWE80dEZ3ai95VUkxQT09 Meeting ID: 849 0929 9308 Passcode: 453469
9 months ago