2024-11-20
Transgender Day of Remembrance (TDOR)
3 months ago
မင်္ဂလာပါ...
ယခု ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ ကတော့ Transgender တွေကို ဆန့်ကျင်တဲ့ အကြမ်းဖက်မှုတွေ ကြောင့် အသက်ဆုံးရှုးခဲ့ရတဲ့ Transgender များကို အောက်မေ့သတိရဖွယ်နေ့အဖြစ် ဂုဏ်ပြုကျင်းပတဲ့ Transgender Day of Remembrance (TDOR) နေ့ ပါ။
TDOR မတိုင်မီ တစ်ပတ်အလိုတွင်၊ ကမ္ဘာတစ်ဝှမ်းရှိ လူပုဂ္ဂိုလ်များ၊ အဖွဲအစည်းများက လိင်တူချစ်သူများ (သို)လိင်ပြောင်းသူများ(သို) Transgender များ အရေးကို အများသူငှာ သတိပြုသိရှိလာရန်နှင့် လူမှုအသိုင်း အဝိုင်းတွင် ၎င်းတို ရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်းရန် Transgender Awareness Week အဖြစ် အထိမ်းအမှတ်ပွဲများ ပြုလုပ်ပါဝင်ဆောင်ရွက်ကြပါတယ်။
ကံ့ကော်တောစာကြည့်တိုက်မှာလည်း လာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ TDOR အထိမ်းအမှတ်ပွဲလေး ရှိပါတယ်။
ဒီပွဲလေးမှာ မျှဝေဆွေးနွေးမယ့်သူကတော့ Transgender အရေးတက်ကြွစွာ ပါဝင် ဆောင်ရွက်နေသူတစ်ဦး ဖြစ်တဲ့ ထိုက်ထိုက် ပါ။
ကျွန်မတို မသိသေးတဲ့ သူတို အကြောင်းတွေ၊ သူတိုရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကြားသိနိုင်ဖို၊ သိရှိနားလည်နိုင်ဖို အတွက် အောက်ဖော်ပြပါအစီအစဉ်အတိုင်း ပွဲလေးကို တက်ရောက်ကြပါလို အားလုံးကို ဖိတ်ခေါ်ပါတယ်...
Title: “SOGIESC Diversity and LGBTIQ Identity”
Speaker: Htike Htike
When: Nov 20, 2024 10:30 AM - 12:00 PM Asia – Yangon
Where: Join Zoom Meeting
Meeting ID: 851 8624 8523
Passcode: 586373