Scholarship Application Webinar Series

2026-04-28

📣📣📣 Scholarship Application Webinar Series

နိုင်ငံခြားတက္ကသိုလ် တစ်ခုခုမှာ ဘွဲ့လွန်၊ ဘွဲ့ကြိုတန်းတွေ နဲ့ ပညာသင်ဆု(Scholarship) လျှောက်ဖို့ စဉ်းစားနေသူများအနေနဲ့

🔹 ဘယ်ကျောင်းက ဘယ်အစီအစဉ် (Programme)ကို လျှောက်ရမယ် ဝေခွဲမရ ဖြစ်နေပါသလား❓

🔹 ကျောင်းနဲ့ ပညာသင်ဆု (Scholarship) လျှောက်တဲ့အခါ ဖြတ်ကျော်ရမယ့် အဆင့်တွေ၊ သိရမယ့် အရာတွေနဲ့ စိမ်းနေသေးပါသလား❓

🔹 လိုအပ်တဲ့ အက်ဆေးတွေ ရေးဖို့၊ CV တွေ ပြင်ဆင်ဖို့ တွန့်ဆုတ်ပြီး အလုပ်မဖြစ်ဘူး ဖြစ်နေပါသလား❓

အဲ့ဒါဆိုရင်တော့ ကံ့ကော်တောစာကြည့်တိုက်က ပြုလုပ်တဲ့ “ Scholarship Application Webinar Series” ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

ဒီ Webinar တွေက မြန်မာကျောင်းသားတွေအတွက် သီးသန့်စီစဥ်ထားတာ ဖြစ်ပြီး ပညာသင်ဆု (Scholarship) လျှောက်ထားရာမှာ လက်တွေ့ အသုံးပြုနိုင်မယ့် နည်းစနစ်တွေ၊ ချဥ်းကပ်ပုံတွေ၊ အချိန်ဇယား စီမံခန့်ခွဲနည်းတွေကို သေချာရှင်းပြပေးမယ့်အပြင် လက်ရှိ ကျောင်းတက်နေသူ/ ကျောင်းပြီးထားသူတွေရဲ့ အတွေ့အကြုံတွေပါ ပြန်မျှဝေပေးတာဖြစ်ပါတယ်။ အက်ဆေးတွေ လက်တွေ့ အတူတူ ရေးသားနိုင်မယ့် အစီအစဥ်လည်း ပါဝင်တာကြောင့် အမှန်တကယ် အထောက်အကူ ဖြစ်နိုင်တဲ့ အခွင့်အရေးဖြစ်ပါတယ်။

တက်ရောက်ရမယ့် နေ့ရက်တွေက -

📍Week 1 (28 April 2026): Introduction to University Applications & Choosing the Right Programme for You

📍Week 2 (05 May 2026): An Overview of the Application Process

📍Week 3 (12 May 2026): Writing a Strong Personal Statement & Essays (Part 1: Foundations & Brainstorming)

📍Week 4 (19 May 2026): Hands-on Writing and Experience Sharing

⏰ အချိန်က - 5:00 PM - 7:00 PM (Myanmar Time)

🆓 သင်တန်းကြေး - အခမဲ့

လျှောက်လွှာတင်ရန်- https://docs.google.com/forms/d/1S6jO_NTrw80gz95oeW1N1UA9pm5Dx_BUvSFZcAv310U/edit