2025-06-28
မင်္ဂလာပါ ...
ဇွန်လအတွက် ကံ့ကော်တောက ပြုလုပ်ပေးမယ့် အစီအစဉ်လေးကတော့ “Social Leadership” သင်တန်းလေးပါ။
💢သင်တန်းကနေ ရရှိလာမှာက …
🔸 ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မတူညီကွဲပြားစုံလင်မှုများအကြား ပါဝင်လုပ်ဆောင်ခြင်းတို့ကို အားပေးမြှင့်တင်ခြင်း၊
🔹 ပြဿနာများကို ရင်ဆိုင်ဖြေရှင်းခြင်းနှင့် ဖြေရှင်းနည်းများကို စနစ်တကျ စီမံခန့်ခွဲခြင်း၊
🔸 ညှိနှိင်းဆွေးနွေး အဖြေရှာခြင်း၊
🔹 တစ်ဦးချင်း၏ တန်ဖိုး၊ အဖွဲအစည်းဝင် ဖြစ်ခြင်း၏ တန်ဖိုးနှင့် အဖွဲအစည်း၏ တန်ဖိုးတို့ကို နားလည်လက်ခံဆောင်ရွက်ခြင်း၊
🔸 အခြေခံစံတန်ဖိုးများဖြင့် မိမိကိုယ်တိုင်နှင့် မိမိ၏ လူမှုအဖွဲ့အစည်းကို တည်ဆောက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း
...စတဲ့...စတဲ့ အကျိုးတွေ ရရှိနိုင်မှာပါ။
💢 သင်တန်း ကာလက ...
ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့ထိ📆၊ အချိန်က ညနေ ၆ နာရီ မှ ၉ နာရီ⏰၊ တစ်ရက် ၃ နာရီ နဲ့ စုစုပေါင်း ၅ ရက် ကြာမြင့်မှာ ဖြစ်ပါတယ်။
💢 သင်တန်းတက်ရောက်ရန်ဘာတွေလိုအပ်မလဲ... ၊ ဘယ်သူတွေတက်ရောက်နိုင်မလဲ ...
သင်တန်း ၅ ရက်လုံးကို မပျက်မကွက်တက်ရောက်နိုင်သူ မည်သူမဆိုတက်ရောက်နိုင်ပါတယ်။
📧 သင်တန်းတက်ရောက်ရန်ရွေးချယ်ခံရသူများကို ၂၅ ဇွန်လ ညနေတွင် အီးမေးလ် မှတစ်ဆင့် အကြောင်းပြန်ကြားပေးမှာ ဖြစ်ပါတယ်။
🚨ဇွန်လ ၂၃ ရက်နေ့ ညနေ ၅ နာရီ နောက်ဆုံးထား လျှောက်ထားရပါမည်။
👉👉👉 လျှောက်ထားရန်
https://docs.google.com/forms/d/e/1FAIpQLSfS5d42QlXuf8mMYGOgDx4Y7AzlPENynea1Odnqh9L0KPucFQ/viewform?usp=header
🚨🚨🚨 သင်တန်းတက်ရောက်သူများကို အင်တာနက်ကုန်ကျစရိတ်အပါအဝင် မည်သည့် အထောက်အပံ့မှ ပေးမည်မဟုတ်ကြောင်းလည်း အသိပေးပါရစေ။***
#SocialLeadership
#libraryevents