Food Security in Disaster and Emergency

2024-09-23

ယခုလရဲ့ စာကြည့်တိုက်စကားဝိုင်းမှာ မျှဝေမယ့်အကြောင်းအရာက စားနပ်ရိက္ခာနဲ့ပတ်သက်တဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်နဲ့ အရေးပေါ်အခြေအနေမှာ စားနပ်ရိက္ခာ ဖူလုံမှုအတွက် ဘာတွေလုပ်ရမလဲ၊ ဘယ်လိုတွေလုပ်ရမလဲစသည့် အရေးကြီး သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို မျှဝေပေးမှာ ဖြစ်ပါတယ်။

ဗဟုသုတတွေ မျှဝေပေးမယ့် သူကတော့ ဆရာမ ဒေါက်တာ ဥမ္မာခိုင် ဖြစ်ပါတယ်။ ဆရာမက စားနပ်ရိက္ခာ ဖူလုံရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ ရာသီဥတုဒဏ်ခံနိုင်မှုနှင့် ရာသီဥတုမျှတမှု နှင့်၊ ဇီဝမျိုးစုံမျိုးကွဲ-အကျိုး ပြုသော အစားအစာစနစ် စတဲ့နယ်ပယ်တွေမှာ ပါဝင်လုပ်ကိုင်နေသူဖြစ်ပြီး လုပ်ငန်းအတွေ့ကြုံ ၂၈ နှစ်ကျော်ရှိပြီဖြစ်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦးပါ။ ၂၀၁၇ ခုနှစ်ကတည်းက Asian Climate Consortium (ACCC)ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။ လက်ရှိမှာလည်း ASEAN Center for Biodiversity မှာ လုပ်ကိုင်လျက်ရှိပါတယ်။

သဘာဝဘေးဒဏ်ခံစားနေရတဲ့ လက်ရှိအခြေအနေမှာ သိရှိနားလည်းထားရန် အထူးလိုအပ်နေတဲ့ စားနပ်ရိက္ခာဖူလုံရေးအကြောင်းအရာကို ဆရာမလိုပညာရှင်တစ်ဦးက မျှဝေပေးမှာဖြစ်လို့ တက်ရောက်ကြပါလို့ တိုက်တွန်းပါရစေ။

အသေးစိတ်အချက်အလက်ကတော့…

Topic: “Food Security in Disaster and Emergency”
Speaker: ဒေါက်တာ ဥမ္မာခိုင်
When: Sep 23, 2024 4:00 PM - 5:30 PM Asia – Yangon
Where: Join Zoom Meeting


Meeting ID: 838 5881 7970
Passcode: 919255

ကံ့ကော်တောရဲ့သတင်းအချက်လက်တွေကို အောက်ဖော်ပြပါဆိုရှယ်မီဒီယာများမှလည်းရယူနိုင်ပါတယ်။

Telegram: (https://t.me/kktlib)

Facebook: @Kant Kaw Taw

https://us06web.zoom.us/j/83858817970?pwd=jSrgG2lcPvBnwdDLXEqKq8jkGlMgs8.1